81

823 114 1
                                    

Unicode

အခန်း - (၈၁)

စစ်ဆေးရေးမှူး၏ မေးခွန်းကြောင့် ပိုမိုဖိအားများလာဟန်တူသော နဉ်ရှီ၏အပြုံးကို ကြည့်ရင်း ရဲမေလေးမှာ နဉ်ရှီကို သနားလာမိသည်။ ထို့ကြောင့် ပိုညင်ညင်သာသာလေး မေးမြန်းပေးမလား မျှော်လင့်ချက်ဖြင့် သူမ၏ ခေါင်းဆောင်ကို လှည့်ကြည့်လိုက်မိ၏။ ယခင်က အမှုများစွာ ကိုင်တွယ်ဖူးခဲ့ပြီး စိတ်လှုပ်ရှားလွန်း၍ စစ်ဆေးသူများအပေါ် ဒေါသပုံချတတ်ကြသော အမှုသည်များကိုပင် သူမ မြင်တွေ့ခဲ့ဖူးသည်။

“ဟုတ်တယ်..” နဉ်ရှီက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးရိပ်မရှိတော့ပေ။ ချန်းရှီကွေ့က သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ အပြုံးဖြင့် နှစ်သိမ့်ပေးသည်။

နဉ်ရှီ၏ မျက်နှာအမူအရာက အနည်းငယ် ပြန်တည်ငြိမ်လာခဲ့သည်။ “အဲ့နေ့က ကျွန်မအမေက အိမ်သန့်ရှင်းရေးလုပ်နေတာ.. ကျွန်မက ပစ္စည်းဝယ်မလို့ ကုန်စုံဆိုင်သွားခဲ့တယ်.. ဈေးဆိုင်ကနေ ပြန်လာပြီးတော့ အိမ်ရှေ့လှေကားပေါ် ရောက်ရုံရှိသေးတယ်….” နဉ်ရှီက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်သည်။ သူမ၏ မျက်ဝန်းသားများလည်း နီရဲလာခဲ့သည်။ ပြီးနောက် သူမက မျက်နှာလွှဲကာ ဆက်ပြောခဲ့သည်။ “အဲလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ကျွန်မ အဲ့နေ့က အပြင်ထွက်မှာမဟုတ်ဘူး..”

“ကျွန်တော် သိထားသလောက်ဆို အဲ့နေ့က ကျောင်းပိတ်ရက်မဟုတ်ဘူးနော်.. အဲ့အချိန်တုန်းက မစ်နဉ်က အထက်တန်း ဒုတိယနှစ်ပဲ ရှိသေးတာဆိုတော့ ကျောင်းတက်နေသင့်တယ်မလား..? ဘာလို့ ကျောင်းမသွားတာလဲ..?” စစ်ဆေးရေးမှူးလီက မှတ်စုစာအုပ်ပေါ်တွင် စာကြောင်းတချို့ ချရေးလိုက်သည်။ သူက နဉ်ရှီ၏ မျက်နှာအမူအရာကို အသေးစိတ် အကဲခတ်လိုက်ရင်း သူမ လိမ်ညာနေတာမဟုတ်မှန်း သေချာသွားတော့မှ ဆက်ပြောလာသည်။ “အဲ့အကြောင်း ပြောပြပေးနိုင်မလား..?”

“ခေါင်းဆောင်..” ရဲမေက မကြည့်ရက်တော့ဟန်ဖြင့် လီဟောင်၏နာမည်ကို ခေါ်လိုက်သည်။

သို့သော် လီဟောင်က သူမကို လျစ်လျူရှုထားပြီး နဉ်ရှီကိုသာ စိုက်ကြည့်နေခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now