66-1

1K 151 1
                                    

Unicode

အပိုင်း - (၆၆/၁)

နဉ်ရှီ၏အင်တာဗျူးကို အွန်လိုင်းပေါ်သို့ ထုတ်လွှင့်ပြီးနောက် ပရိသတ်များ၏ အတွေးကား… ‘ထင်သားပဲ..!’ ဟူ၍။

အွန်လိုင်းပေါ်တွင် မည်သည့် Hot topic မဆို ရက်အနည်းငယ်သာ နာမည်ကြီးတတ်သည်။ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပျက်နေသည့် ဖြစ်ရပ်များစွာရှိသဖြင့် အင်တာနက်တွင် သတင်းအချက်အလက်များစွာ စီးဆင်းနေပြီး အင်တာနက်သုံးစွဲသူများသည် သတင်းဟောင်းများကို အလျင်အမြန် မေ့သွားကြတော့သည်။

နဉ်ရှီ၏ သတင်းသည်လည်း အတော်လေး ဟိုးလေးတကျော်ဖြစ်သွားသည်အထိ နာမည်ကြီးခဲ့သည့်တိုင် ရက်အနည်းငယ် ကြာပြီးနောက် အင်တာနက်သုံးစွဲသူများလည်း စိတ်ဝင်စားမှု လျော့ပါးလာကြချေပြီ။ ထို့ကြောင့် ဝေစစ်ချီ၏အဖေ ငွေစာရင်းလိမ်လည်မှုဖြင့် ထောင်ငါးနှစ်ကျသွားကြောင်း မည်သူမျှ မသိလိုက်ကြပေ။

တစ်ချိန်တည်းမှာပင် ဝေလုပ်ငန်းစုသည် စီးပွားရေးအားပြိုင်မှုများ ခံစားခဲ့ရပြီး profit Margin ထိုးကျသွားကာ နောက်ဆုံးတော့ ဒေဝါလီခံလိုက်ရသည်။

(TN : Profit Margin ဆိုတာ စရိတ်အားလုံးနှုတ်ပြီး နောက်ဆုံးကျန်တဲ့ အမြတ်ငွေကြေးကို ဆိုလိုတာပါ။)

***

ချန်း*ယီကျွင်းဘက်မှ စေ့စပ်လမ်းကြောင်းမှုဖျက်သိမ်းရန် တောင်းဆိုလာချိန်တွင် ဝေစစ်ချီသည် မတုန်လှုပ်တော့ချေ။ သူမက ကော်ဖီတစ်ငုံ သောက်လိုက်သည်။ ခါးသက်သက်အရသာက အရသာခံဖုကို ဖုံးလွှမ်းသွားပြီး မျက်ရည်ဝဲတက်လာခဲ့၏။

“စစ်ချီ.. ကိုယ် တောင်းပန်ပါတယ်..” ချန်း*ယီကျွင်း၏ မျက်လုံးများလည်း နီရဲနေပြီး ဤရက်ပိုင်းအတွင်း ကောင်းကောင်း အနားမယူခဲ့ရမှန်း သိသာနေတော့သည်။ “ကိုယ့်ထက်ပိုကောင်းတဲ့လူ ရှာတွေ့မှာပါ..”

“ယီကျွင်း..” ဝေစစ်ချီ၏အသံက ဓားတုံးတုံးတစ်လက်ကို ကော်ပတ်စားနေသည့်အလား အက်ကွဲနေခဲ့သည်။ “ကျွန်မတို့ အတူရှိခဲ့တာ ဘယ်လောက်ကြာပြီလဲ..?”

ချန်း*ယီကျွင်းမှာ ငေးကြောင်နေပြီး ဘာမှပြန်မဖြေခဲ့ပေ။

“ကိုးနှစ်ရှိပြီ..” ဝေစစ်ချီသည် ချန်း*ယီကျွင်းကို ငေးမောကြည့်ရာမှ ရုတ်တရက် အရူးတစ်ယောက်လို ရယ်မောလိုက်ရင်း.. “ကျွန်မက တကယ့်ကို ရူးမိုက်ခဲ့တာပဲ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now