84

821 107 1
                                    

Unicode

အခန်း - (၈၄)

လူအများအတွက် ချွီမိသားစု၏ ကော့တေးပါတီသည် ပျော်ပွဲသပ်သပ်မဟုတ်၊ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နိုင်ခြင်း၏ ထွက်ပေါက်ဖြစ်သော အဆက်အသွယ် အခွင့်အလမ်းများနှင့်လည်း ဆက်စပ်နေသည်။ ကျင်းယွမ်ဖုန်းနှင့် ထောင်မင်ယတို့သည် ဆယ်စုနှစ်များစွာ လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် ရုတ်ချည်း ကွာရှင်းချင်နေသည်။ သို့ဖြစ်ရာ သာမန်ကွာရှင်းမှုလေးဟူ၍ မည်သူကများ ယုံကြည်နိုင်မည်နည်း။

ထို့အပြင် ချန်းရှီကွေ့လည်း သူ၏ပါတနာနှင့်အတူ ပွဲတက်မည်ဟူ၍ သတင်းထွက်နေရာ ဤသည်က ချန်းရှီကွေ့၏ သူ့အဒေါ် ထောင်မင်ယဘက်မှာ ရပ်တည်နေကြောင်း ဖော်ပြသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း လူတိုင်း သိလိုက်သည်။

ထိုအရာက နားလည်နိုင်ပါသည်။ ထောင်မင်ယသည် ချန်းရှီကွေ့အမေ ထောင်ဟွေ့ရွယ်၏ ညီမအရင်း ဖြစ်နေသည်။ ထို့အပြင် ကျင်းမိသားစု၏ ဘိုးဘွားများနှင့် ချန်းမိသားစုသည် ဆက်ဆံရေးကောင်းခဲ့သော်ငြား ကျင်းယွမ်ဖုန်းလက်ထက်သို့ ရောက်လာချိန်တွင် သိပ်မရင်းနှီးကြတော့ပေ။ အကယ်၍ ထောင်မင်ယ,သာ မိသားစုနှစ်ခု၏ ပေါင်းကူးတံတား မဖြစ်ခဲ့လျှင် ပတ်သက်စရာ လုံးဝမရှိလောက်တော့ပေ။ ယခုမူ ထိုပေါင်းကူးတံတားလည်း ပျက်ပြယ်သွားပြီဖြစ်၍ ချန်းရှီကွေ့အနေဖြင့် ဆွေမျိုးပတ်သက်မှုကို ထောက်ထားနေစရာ မလိုအပ်တော့သလို ကျင်းမိသားစုကိုလည်း အကျိုးအမြတ် ပေးနေစရာမလိုတော့ပေ။

ကျင်းညီအစ်ကိုနှစ်ယောက်တွင် တစ်ယောက်က အတွေးအခေါ်မရှိ တုံးအပြီး ကျန်တစ်ယောက်က အသုံးအဖြုန်းကြီးသည်။ သူတို့၏ ဘိုးဘွားများသာ ပိုင်ဆိုင်မှုအမြောက်အမြား မချန်ထားခဲ့လျှင် ကျင်းမိသားစု ဒေဝါလီခံသွားလောက်ချေပြီ။ ကောလာဟလများအရ ချန်းရှီကွေ့သည် ကျင်းညီအစ်ကိုနှစ်ယောက်ကို မျက်လုံးထဲမထည့်တာ ကြာပြီဟူ၍ ပြောနေကြသည်။ ကြည့်ရသည်မှာတော့ သည်အတိုင်း ကောလာဟလ  ဟုတ်ပုံမရချေ။

ပါတီပွဲတွင် တချို့က စီးပွားရေးလောက၏ အပြောင်းအလဲကို စိတ်ဝင်စားနေကြပြီး တချို့ကတော့ အတင်းတုပ်ရန်သပ်သပ် ရောက်လာကြခြင်းသာ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now