87

759 103 13
                                    

Unicode

အခန်း - (၈၇)

ကျူးမိုလီ၏ ထွက်ဆိုချက်သည် မိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သည့်အလား အမှုစစ်များကို ရှော့ရသွားစေခဲ့၏။ အစကတော့ အနုပညာရှင်တစ်ဦး ဆေးလက်ဝယ်ထားသည့် သာမန်အမှုသာဖြစ်၍ ဆေးရောင်းချသူ၊ သို့မဟုတ် ဆေးသုံးနေသည့် တခြားအနုပညာရှင်တချို့သာ ပါဝင်ပတ်သက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မထင်မှတ်ထားဘဲ ထိပ်တန်းသူဋ္ဌေးများပါ ပါဝင်ပတ်သက်နေလေသည်။

ကျင်းမိသားစုသည် ဤနှစ်ပိုင်းတွင် စီးပွားရေးကျဆင်းလာသော်ငြား သာမန်လူများ၏ အမြင်မှာတော့ ဂုဏ်သရေရှိ ထိပ်တန်းအိမ်တော်တစ်ခု ဖြစ်နေသည်။ သို့ဖြစ်ရာ သူတို့၏နောက်ကွယ်တွင် ဤသို့ မကောင်းသည့်လုပ်ရပ်များ ရှိနေလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သို့သော် ရဲများအနေဖြင့် ကျူးမိုလီ၏ စကားကို သက်သေမရှိဘဲ ယုံ၍မရပေ။ အထက်သို့ သတင်းပို့ပြီးနောက် အမှုက စစ်ဘက်သို့ လွှဲပေးလိုက်ရသည်။

စုံစမ်းစစ်ဆေးမှုများကို သိုသိုသိပ်သိပ် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ မီဒီယာနှင့် လူထုက ကျူးမိုလီအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။ အဖမ်းခံရပြီးနောက်ပိုင်း ဖြစ်ပျက်သမျှကိုလည်း မည်သူမှ ဂရုမစိုက်ခဲ့ပေ။ အကြောင်းကား လူတိုင်း၏ အာရုံက ကျင်းမိသားစု၏ ကွာရှင်းမှုအပေါ် ရောက်နေသောကြောင့် ဖြစ်သည်။

လူချမ်းသာမိသားစုများ၏ လက်ထပ်ပွဲအများစုသည် အချစ်ကြောင့်မဟုတ်ဘဲ အကျိုးအမြတ်အတွက်သာ ဖြစ်၏။ အမည်ခံအရ လက်ထပ်ထားကြသော်လည်း အများစုက ကိုယ်ပိုင်ဘဝအတိုင်း ဆက်လက်နေထိုင်ကာ အနည်းစုက ကွာရှင်းတတ်ကြသည်။ ယခုတော့ ထိုကောလာဟလက မီဒီယာနှင့် ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ဆွဲယူသွားခဲ့သည်။

ကွာရှင်းမှုတစ်ခု ရှိလာလျှင် ပိုင်ဆိုင်မှုခွဲဝေခြင်းကိစ္စက မဖြစ်မနေ ပါလာရမည်ပင်။ ကျင်းယွမ်ဖုန်းနှင့် ထောင်မင်ယတို့၏ တရားရေးအဖွဲ့များက သူတို့၏ အလုပ်ရှင် အကျိုးအမြတ် ပိုရစေရန်အတွက် လှည့်ကွက်အမျိုးမျိုး ပြုလုပ်ကြလိမ့်မည်။ လူထုအတွက်တော့ စောင့်ကြည့်ရမည့် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာလိမ့်မည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now