38

1.3K 184 19
                                    

Unicode

အခန်း - (၃၈)

အနုပညာလောကတွင် ချန်း Group မှ ဖိတ်စာရရှိခြင်းသည် သရုပ်ဆောင်များအကြား မတူကွဲပြားသော အဆင့်အတန်းတစ်ခုကို ဖော်ကျူးနေလေ၏။ အကြောင်းမှာ သာမာန်သရုပ်ဆောင်တစ်ယောက် ပေါင်လုံးကြီးကြီး ဖက်ထားနိုင်လျှင်ပင် ပါတီတက်ရောက်ခွင့်ရရန် မသေချာသောကြောင့်ပင်။ ချန်း Group ၏ပါတီကို တက်ရောက်နိုင်မည့် လူစာရင်းက တကယ့်ကို တင်းကျပ်လှသည်။

ထို့ကြောင့် လက်ရှိအချိန်မှာတော့ ကျို့ကျီဖျော်ဖြေရေး၏ သရုပ်ဆောင်များမှာ မနာလိုခံနေရတော့သည်။ သူတို့ကုမ္ပဏီတွင် ချန်း Group က ရင်းနှီးမြှုပ်နှံခဲ့သောကြောင့် ပါတီတက်ရောက်ခွင့် ဖိတ်စာများ ရရှိနိုင်သောကြောင့်ပင်။

သို့သော် ထိပ်သီးဖျော်ဖြေရေးကုမ္ပဏီများကတော့ ကောင်းကောင်း နားလည်ကြသည်။ ချန်းရှီကွေ့အတွက် ကျို့ကျီတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရှယ်ယာကစားသည်နှင့် အလားသဏ္ဌာန်တူ၏။ ကျို့ကျီလက်အောက်မှ သရုပ်ဆောင်များကို သူ,မသိသော်ငြား ကပ်ဖားရပ်ဖားလုပ်ရန် ချဉ်းကပ်လိုသူများကို မျက်နှာသာပေးလိုက်ခြင်းသာ။

ဖိတ်စာမရကြောင်း မန်နေဂျာများထံမှ ပြန်လည်ကြားသိရသည့် သရုပ်ဆောင်များစွာ ရှိနေသေးသည်။ သို့သော် နောက်ပိုင်း သိလိုက်ရသည်က ချန်း Group သည် ကျို့ကျီထံသို့ ဖိတ်စာအနည်းငယ် ထပ်ပို့ခဲ့သော်လည်း သူတို့ကိုတော့ ဖိတ်ကြားရန် ဆန္ဒရှိပုံမပြခဲ့ချေ။

နဉ်ရှီခမျာလည်း ယခုအချိန်မှ ဝတ်စုံချုပ်ချင်လျှင် မမီတော့ချေ။ ထို့ကြောင့် သူမ၏အချိန်စာရင်းမှ နေ့တစ်ဝက်စာဖယ်၍ Ready-made အဝတ်အစား သွားဝယ်ရန်သာ တတ်နိုင်တော့သည်။

နဉ်ရှီသည် ခါးသွယ်သွယ်၊ ခြေတံရှည်ရှည်ဖြင့် အတော်လေး ကိုယ်လုံးကိုယ်ပေါက်လှ၏။ သူမ၏ အချိုးအစားကျသော ခန္ဓာကိုယ်၊ ဖြူဥလှပသော အသားအရေနှင့်ဆိုလျှင် လိုက်ဖက်ညီသည့် ဝတ်စုံတစ်ထည်ဝယ်ရန်မှာ အလွယ်လေးပင်။ သို့သော် ထူးခြားလှပပြီး ထင်သာမြင်သာရှိမည့် ဝတ်စုံမျိုးကိုတော့ ရှာတွေ့ရန် ခက်ခဲလှသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now