96

632 91 2
                                    

Unicode

အပိုင်း - (၉၆)

“မစ်နဉ်.. ထိုင်ပါ..” ခေါင်းဆောင်လီက တစ်ခါသုံးခွက်ထဲ ရေထည့်ပြီး နဉ်ရှီ၏ရှေ့တွင် ချပေးသည်။ နဉ်ရှီ၏ မျက်လုံးများက ဖောင်းအစ်နေပြီး မိတ်ကပ်အနည်းငယ် ကွက်နေကြောင်း သူ သတိပြုမိလိုက်၏။ သူမက မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မဖော်ပြသော်လည်း လက်ဆွဲနှုတ်ဆက်လိုက်စဉ် စိတ်မကောင်းဖြစ်နေကြောင်း သိသာနေခဲ့သည်။

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက ရေတစ်ငုံသောက်လိုက်သည်။ ရေက ခပ်နွေးနွေးလေးဖြစ်ပြီး တစ်ခါသုံးခွက်၏ စက္ကူအနံ့ပင် ရနေသေးသည်။ သို့သော် သူမက စိတ်ထဲမထားပေ။ “ခေါင်းဆောင်လီ.. အမှုရဲ့ဖြစ်စဉ်ကို သိခွင့်ရှိမလားဟင်..?”

ရက်စက်ကြမ်းကြုတ်လှပါသည်ဟူသော ဒုစရိုက်သမားများနှင့် ရင်ဆိုင်ရလျှင်ပင် ဘယ်သောအခါမှ မကြောက်ရွံ့ဖူးသော ခေါင်းဆောင်လီတစ်ယောက် သူ၏အရှေ့မှ လှပသိမ်မွေ့သော ရုပ်ရှင်မင်းသမီးလေးကိုကြည့်ပြီး အတန်ငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူက ဘေးမှာရပ်နေသည့် အရာရှိလျှိုကို နေရခက်စွာ လှည့်ကြည့်လိုက်မိရင်း အမှုအကြောင်း ရှင်းပြပေးရန် တာဝန်လွှဲလိုက်သည်။

အရာရှိလျှိုသည် သူ၏ရေခွက်ကို ဆုပ်ကိုင်ပြီး နဉ်ရှီအား နှစ်သိမ့်လိုသည့်အပြုံးမျိုးဖြင့် ကြည့်ကာ.. “မစ်နဉ်.. အမှုနဲ့ပတ်သက်ပြီး ဖြေရှင်းလို့မရသေးတဲ့ တချို့အချက်အလက်လေးတွေ ရှိနေပါသေးတယ်.. ဒါပေမဲ့ စိတ်မပူပါနဲ့.. ကျွန်တော်တို့ သံသယရှိတဲ့ ဘယ်သူ့ကိုမှ အလွတ်ပေးမှာမဟုတ်သလို အပြစ်မဲ့သူကိုလည်း ထိခိုက်အောင်မလုပ်ပါဘူး..”

လျော့လျော့ပေါ့ပေါ့ ပြောပေးလာသော စကားလုံးများကြောင့် နဉ်ရှီက ရေတစ်ငုံထပ်သောက်ကာ.. “အဲတာဆိုရင် ကျွန်မအမေကို နာကျင်အောင်လုပ်ခဲ့တာ ဘယ်သူတွေလဲ.. သိခွင့်ရမလား..?”

အရာရှိလျှိုက လက်ချောင်းများကို ယှက်လိုက်ရင်း အတော်ကြာအောင် တုန့်ဆိုင်းနေသည်။ ပြီးမှ ပြန်ဖြေခဲ့သည်။ “ရတာပေါ့.. သိခွင့်ရှိပါတယ်..” သူက အံဆွဲတစ်ခုကို ဆွဲဖွင့်ကာ အပေါ်ဆုံးမှ A4 တစ်ရွက် ထုတ်ယူလိုက်သည်။ ကြိုတင်ပြင်ဆင်ထားသော သက်သေအချက်အလက်များပင်။ “သံသယရှိသူတွေရဲ့ အသေးစိတ်အချက်အလက်ကို ဒီမှာ ရေးထားပါတယ်.. မစ်နဉ် တစ်ချက်လောက် ကြည့်ပေးပါ..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now