13

1.7K 208 0
                                    

Unicode

အခန်း (၁၃) - အခွင့်အရေး

“ခမည်းတော်ကို ဂါဝရပြုပါတယ်..”

ဟန်မင်းဆက်၊ ဝူဧကရာဇ်၏သမီးတော် မင်းသမီးသန်းလီသည် ဓလေ့ထုံးတမ်းနှင့်အညီ ဂါဝရပြုလာခဲ့လေ၏။ ထိုအပြုအမူက မင်းသမီးတစ်ပါး၏ ဂုဏ်အသရေ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်တတ်မှုတို့ကို ဖော်ပြနေရုံသာမက ဖခင်ဖြစ်သူနှင့် မည်မျှအနေနီးစပ်သည်ကိုလည်း ဖော်ပြနေလေသည်။

“အရမ်းကောင်းတယ်.. Cut!”

ဒါရိုက်တာရှုက အဖွဲ့သားများကို လက်ဝှေ့ရမ်းပြလိုက်သည်။

နဉ်ရှီ လှည့်ကြည့်လိုက်သောအခါ တစ်ချိန်လုံး ဒူးထောက်ထိုင်နေရသောကြောင့် မတ်တပ်ရပ်ရန် အဆင်မပြေဖြစ်နေသော ကျိုးဟိုင်လီကို မြင်လိုက်ရသည်။ ထို့ကြောင့် လက်ကမ်း၍ မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်ရင်း ပြုံးပြလိုက်၏။

ရိုက်ကူးရေးပြီးဆုံးသွားခါမှ နဉ်ရှီလည်း စိတ်သက်သာရာရတော့သည်။ ထိုင်ခုံပေါ်မှာ ထိုင်နေသော်လည်း သူမ၏နှလုံးသားလေးက တုန်ယင်နေဆဲ။ ဝါရင့်သရုပ်ဆောင်ကြီးများနှင့်အပြိုင် သရုပ်ဆောင်ရသည်က တကယ့်ကို စိတ်ပင်ပန်းစေသည်။ နဉ်ရှီခမျာ သူတို့၏အရှိန်အဝါကြောင့် ဖိနှိပ်ခံရလုနီးပါးပင်။

“အစ်မနဉ်..” ရှောင်ယန်က ပျားရည်နှင့်ရောစပ်ထားသော လက်ဖက်ရည်ကြမ်းတစ်ခွက် ကမ်းပေးလာသည်။ ပြီးနောက် အသံတိုးတိုးလေးဖြင့်.. “ဒီဝတ်စုံနဲ့ အရမ်းလှတာပဲ..”

နဉ်ရှီ မျက်လုံးဖွင့်ကာ ရှောင်ယန်ကို မော့ကြည့်လိုက်ရင်း ရယ်မောလိုက်မိသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်ယန်ခမျာ တစ်ခဏ ငုတ်တုတ်မေ့သွားရ၏။ သူမရဲ့ပူနွေးနီရဲနေသော ပါးပြင်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း နဉ်ရှီသောက်ထားသော လက်ဖက်ရည်ကြမ်းတစ်ဝက်ကို သောက်ချလိုက်မိသည်။

ထိုအချိန်မှာပင် ကျန်းချင်းယွင် ရောက်လာခဲ့သည်။ သူက တုံ့ဆိုင်းနေခဲ့ပြီးမှ နဉ်ရှီအနား လျှောက်လာကာ..
“ဒီနေ့ ကျိုးဟိုင်လီနဲ့ Scene နှစ်ခုရိုက်ရမှာနော်..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now