62-1

1K 165 7
                                    

Unicode

အခန်း - (၆၂/၁)

လူထုအမြင်ဟူသည် မမြင်နိုင်သော အင်အားတစ်မျိုးပင်။ ထို့ကြောင့် လိုင်းပေါ်တွင် နဉ်ရှီ၏ အတန်းဖော်စာရင်းများ ပေါက်ကြားလာသောအခါ မည်သူမျှ မအံ့ဩခဲ့ပေ။ တချို့တတ်နိုင်စွမ်းသော အင်တာနက်သုံးစွဲသူများဆိုလျှင် ‘လှပသော အိမ်ငယ်ကလေး’ ၏ Post တွင်ပါသည့် ကျောင်းပြောင်းကျောင်းသူ အလှလေးနှင့် ကျောင်းမြက်ခင်းစိမ်းလေးကိုပင် ရှာတွေ့ခဲ့ကြသည်။

နဉ်ရှီအား စတိုခန်းထဲ တွန်းထည့်ခဲ့သူများ၏ အချက်အလက်များလည်း ပေါ်ပေါက်လာပြီး သူတို့၏ လက်ရှိအလုပ်နေရာများအထိ ပါဝင်လာ၏။ သို့သော် ဖော်ထုတ်ခဲ့သော အင်တာနက်သုံးစွဲသူများသည် ဥပဒေဘောင်အတွင်းမှသာ လှုပ်ရှားခဲ့ပြီး ထိုလူများ၏ နာမည်ကို ‘Mr/Miss X’ ဟု အစားသုံးကာ သူတို့အလုပ်လုပ်ရာ ကုမ္ပဏီနာမည်များကိုလည်း ဝါးပေးထားသည်။

ထိုသို့ ဝါးပေးထားသည့်တိုင် သူတို့၏ အလုပ်အကိုင်ကတော့ သိသာနေဆဲ။ အင်တာနက်သုံးစွဲသူများကို ရှော့ရသွားစေသည့် အချက်ကား သူတို့ထဲမှ နှစ်ယောက်သည် ကျောင်းဆရာ/မများ ဖြစ်နေကြခြင်းပင်။

ထိုကျောင်းဆရာနှစ်ယောက်သည် လက်တွေ့ဘဝတွင် ကျောင်းသား/သူများကို ပညာသင်ကြားနေရင်း အွန်လိုင်းပေါ်မှာတော့ အတိတ်မှအမှားများကို ဝန်ခံရန် အကြောက်အကန် ငြင်းဆန်နေခဲ့သည်။ သူတို့က နဉ်ရှီကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်ခဲ့ကြပြီး နဉ်ရှီအား အတိုက်အခံလုပ်ရန် လူထုကိုပင် အားပေးလှုံ့ဆော်ခဲ့သေးသည်။

သူတို့လိုဆရာမျိုးက ကျောင်းသားတွေအတွက် သင့်တော်ပါ့မလား..?

အင်တာနက်သုံးစွဲသူအများစုက ပညာရေးဝန်ကြီးဌာနသို့ ဖုန်းဆက်ကာ ထိုပြဿနာကောင်နှစ်ကောင်ကို ရှာဖွေစုံစမ်းရန်၊ ပညာရေးလောကမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြလေသည်။

ထိုကိစ္စက အချိန်နှင့်တပြေးညီ ကြီးထွားလာခဲ့လေ၏။ ဆိုရှယ်မီဒီယာမှ အရေးပါအရာရောက်သူများ၏ တွန်းအားပေးမှုကြောင့် ပညာရေးလောကတွင် ကျောင်းတွင်းအနိုင်ကျင့်မှုများကို ဂရုတစိုက်ဖြင့် စတင်စောင့်ကြည့်လာကြသည်။ ထို့အပြင် အင်တာနက်သုံးစွဲသူများနှင့် ကျောင်းသားမိဘများသည် ပညာရေးဝန်ကြီးဌာနသို့ ဖုန်းခေါ်ဆိုကာ ဝေဖန်မေးခွန်းထုတ်ခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနမှ ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now