61-1

1K 169 15
                                    

Translated by milimwwwww

Unicode

အခန်း - (၆၁/၁)

ပြဿနာတစ်ခု ဖြစ်ပေါ်ရာတွင် ထင်မြင်ချက်များပေးခြင်းသည် လွယ်ကူသော်လည်း ထိုအတွက် တစ်စုံတစ်ခုလုပ်ပေးရန် ခက်ခဲပေ၏။

ကျောင်းအကြမ်းဖက်မှုများအား အာရုံစိုက်ပေးရန်အတွက် နဥ်ရှီသည် လူထုကို မကြာခဏတိုက်တွန်းလေ့ရှိသည်ဟု နာမည်ကြီးပေသည်။ သို့သော်ငြား သူမ နစ်နာသူများအတွက် လုပ်ပေးခဲ့သည့်အရာများကို အနည်းငယ်ကသာ သိပေ၏။ နဥ်ရှီသည် အချို့အစီအစဥ်များတွင် ထိုပြဿနာများအတွက် ပါဝင်ခဲ့သော်လည်း သူမ ကောင်းမှုပြုလုပ်ခဲ့သည့် အရာများကို တစ်ခုမှ ထုတ်ဖော်မပြောဖူးခဲ့ပါချေ။

နစ်နာသူများ၏မိဘများ ထိုမလိုတမာကောမန့်များကို တွေ့ပြီးနောက် နဥ်ရှီ့အတွက် ရပ်တည်ပေးခဲ့ခြင်းသာ မဟုတ်ပါလျှင် မည်သူ့မျှ သူမနောက်ကွယ်တွင် လုပ်ပေးခဲ့သည့်အရာများကို သိမှာမဟုတ်ပေ။

နဥ်ရှီအား လုံးလုံးသဘောမကျသည့် လူများတောင် ထိုမိဘများ ပြသလာသည့် အထောက်အထားများကို ကြည့်ပြီး ဆွံ့အသွားရပေ၏။ သူတို့သည် အမှားနှင့်အမှန်တော့ ခွဲခြားမြင်နိုင်သေးသည်။

ဖြတ်သွားသော anti-fan တစ်ဦး : "ဒီဟာတွေအားလုံးတွေ့ပြီးနောက်မှာ ငါတော့ နဥ်ရှီကိုပဲ တောင်းပန်ချင်မိတယ်။ မင်းလုပ်သလို လူတော်တော်များများက လုပ်နိုင်ကြမှာမဟုတ်သလို၊ အင်တာနက်အပေါ်မူတည်ပြီး ဘယ်သူမှားတယ်မှန်တယ် ဆုံးဖြတ်မိတဲ့ငါ့ကိုယ်ငါလည်း ရှက်မိတယ်"

နဥ်ရှီအား မဟုတ်မမှန်စွပ်စွဲခဲ့သော လူများသည်လည်း ပြန်လည်ထွက်ပေါ်လာကာ တောင်းပန်လာကြ၏။ သူတို့၏ ပိုစ့်များကို ပြန်ဖျက်သွားသူများလည်း ရှိသလို သူတို့၏ weibo page ထိပ်ဆုံးတွင် တောင်းပန်ထားသောပို့စ်ကို pin ထောက်ထားသောလူများလည်း ရှိပေသည်။ တစ်ချို့လူများကလည်း နဥ်ရှီ၏ weibo page အထိသွားကာ သူတို့၏ တောင်းပန်ပို့စ်များကို တင်ကြလေသည်။

သဘာဝကျစွာပင် နဥ်ရှီ ထိုတောင်းပန်မှုများ ဖြစ်လာစေရန် တမင်တကာ စီစဥ်ထားသည်ဟု ထင်ကြေးပေးကြသူများလည်း ရှိပြန်၏။ သူတို့၏ အမြင်၌ နဥ်ရှီ မည်သည့်အရာပဲ လုပ်စေကာမူ မကောင်းချည်းသာ။ အကယ်၍ သူမ အကောင်းတစ်ခုခုလုပ်ခဲ့သော် ထိုအရာသည် ရှိုးအတွက်ကြောင့် လုပ်ခြင်းဖြစ်၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now