68-1

994 144 0
                                    

Unicode

အခန်း - (၆၈ /၁)

နဉ်ရှီ ဆေးရုံတက်နေရပြီး သူမကို ချန်းရှီကွေ့ကိုယ်တိုင် လူနာစောင့်ပေးနေသည့် သတင်းက အနုပညာသတင်းလောကသို့ ချက်ချင်း ရောက်ရှိသွားခဲ့၏။ စီးပွားရေးလောကကို အာရုံစိုက်လေ့မရှိသော လူအတော်များများပင် သတင်းကြည့်ပြီးနောက် နဉ်ရှီရဲ့ကောင်လေးက အရမ်းချောပြီး ချမ်းသာလိုက်တာ၊ ဂရုစိုက်တတ်လိုက်တာဟူ၍ ဖြစ်နေကြတော့သည်။

သူတို့ရော ဘာလို့ ဒီလိုပြီးပြည့်စုံတဲ့ ချစ်သူမျိုးနဲ့ မကြုံတွေ့ရတာလဲ..?

နဉ်ရှီက ကောင်းကင်ဘုံရဲ့ မျက်ရှုချစ်သမီးလေးများလား..?

နဉ်ရှီက ကောင်းကင်ဘုံ၏ မျက်ရှုချစ်သမီးလေး ဟုတ်မဟုတ်ကို အသာထား၊ ချန်းရှီကွေ့၏ ရုပ်ရှင်မင်းသမီးတစ်ယောက်အပေါ် သည်းသည်းလှုပ်ချစ်မြတ်နိုးမှုကတော့ အထက်တန်းလွှာများကြားတွင် အကြီးအကျယ် ရိုက်ခတ်သွားခဲ့သည်။ အထက်တန်းလွှာမှ ရပ်ကျော်ရွာကျော်များ မာကျောက်ဆော့ရန်ဆုံတိုင်း ထိုသတင်းက အတင်းပြောရမည့် အကြောင်းအရင်းအဖြစ် မဖြစ်မနေ ပါလာခဲ့တော့သည်။

ချန်းမိသားစု၏ အဆင့်အတန်းက အလွန်မြင့်မားသည်နှင့်အညီ ထိုလူများသည် ချန်းလုပ်ငန်းစုနှင့် ဘယ်သောအခါမှ အဆက်အသွယ်ပြုနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ထိုရပ်ကျော်ရွာကျော် အမျိုးသမီးများကတော့ ချန်းရှီကွေ့သာ ထိုသရုပ်ဆောင်နှင့် လက်ထပ်ဖြစ်ခဲ့လျှင် ချန်းလုပ်ငန်းစု၏ ရှယ်ယာဈေးက ထိုးကျသွားလိမ့်မည်၊ အရှုံးပေါ်လိမ့်မည်၊ တခြားသော အထက်တန်းလွှာများက ကဲ့ရဲ့ရှုံ့ချကြလိမ့်မည်၊ စသည်ဖြင့် အတင်းတုပ်ကြတော့သည်။

ထိုစကားများ ထောင်ဟွေ့ရွှယ်၏ နားထဲသို့ ပြန်ရောက်လာသောအခါ… သူမက အမူအရာမပျက် ပြောလာသည်။

“လူတွေကတော့ သူတို့ဖြစ်ချင်တာ ပြောကြမှာပဲလေ.. အာရုံစိုက်မနေဘူး..”

“ယောက်မ.. ယောက်မက ဒီလိုပြောနိုင်ပေမယ့် အဲ့စကားတွေကြောင့် သိက္ခာကျရတာအမှန်ပဲ.. ကျွန်မတို့ ချန်းမိသားစုက မြို့တော်ရဲ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နေတာနော်.. အဲ့လိုကောလာဟလတွေ လျှောက်ဖြန့်နေတာက ကျွန်မတို့ကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား..?

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now