102

665 83 0
                                    

Unicode

အပိုင်း - (၁၀၂)

ကျင်းဟုန်ခိုင် အဖမ်းခံလိုက်ရသည့်သတင်းက အလျင်အမြန် ပျံ့နှံ့သွားလေ၏။ တကယ်တော့ ထိုအရှိန်က ထူးဆန်းလွန်းနေသည်။ မီဒီယာအားလုံး စုပေါင်း၍ ကျင်းဟုန်ခိုင်၏အတိတ်ကို အတတ်နိုင်ဆုံး တူးဆွဖော်ထုတ်နေဟန် ထင်ရသည်။ အရက်ဆိုင်တွင် အချိန်ဖြုန်းခြင်း၊ လူတစ်ဖက်သားကို ရိုက်နှက်ဆဲရေးခြင်း၊ မိန်းမလိုက်စားခြင်းနှင့် တခြားသော အမှိုက်သရိုက်ဆန်သည့် အကျင့်စရိုက်အားလုံး ပေါ်ထွက်လာသည်။ သူက စုစုပေါင်းသုံးခါ လက်ထပ်ခဲ့သည်။ ပထမဆုံးမိန်းမက ချွီမိသားစု၏ မျိုးဆက် ဖြစ်သော်လည်း ကျင်းဟုန်ခိုင်သည် ဒုတိယမိန်းမနှင့် ဖောက်ပြန်ပြီး အတူနေခဲ့သည်။ ဒုတိယမိန်းမ ကိုယ်ဝန်ဆောင်နေချိန်တွင် အပြင်ထွက်ကာ အပျော်ရှာခဲ့ပြန်သည်။ သို့နှင့် အဆုံးမှာတော့ ဒုတိယမိန်းမလည်း ကလေးမွေးပြီးနောက် စိတ်ကျရောဂါဖြင့် သေဆုံးသွားရသည်။

ချန်ကျန်းကျန်းက သူ နောက်ဆုံးလက်ထပ်ခဲ့သည့် အမျိုးသမီးဖြစ်သည်။ ဒါပေါ့၊ သူမလည်း အဆုံးသတ်မလှခဲ့ပေ။ ကိုယ့်ကိုယ်ကို သတ်သေသွားရှာသည်။

သတင်းထောက်များအတွက် တူးဖော်ရမည့်သတင်း၊ တူးဖော်နိုင်မည့်သတင်းအားလုံးက ဖော်ထုတ်ဆွေးနွေးရသည့် ပွဲတော်အုပ်ကြီးသဖွယ် ဖြစ်နေတော့သည်။ ကျင်းဟုန်ခိုင်နှင့် ပတ်သက်သမျှ မကောင်းသတင်းအားလုံးကို စုစည်းဖော်ထုတ်ရန် နည်းနည်းလေးမျှ စိတ်ထင့်နေခြင်းမရှိ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သတင်းမှားသလားမှန်သလားပင် မခွဲခြားတော့ဘဲ ကျင်းဟုန်ခိုင်အကြောင်း အကုန်ဖော်ထုတ်တော့သည်။

ကျင်းဟုန်ခိုင်၏ ဂုဏ်သတင်းက ကျဆင်းသွားသလို ကျင်းလုပ်ငန်းစု၏ စတော့ရှယ်ယာဈေးလည်း အဆုံးထိ ထိုးကျသွားခဲ့သည်။ ချွီမိသားစုနှင့် ထောင်မိသားစုကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ကျင်းမိသားစုအတွက် အခက်အခဲများစွာ ဖန်တီးခဲ့သဖြင့် ကျင်းလုပ်ငန်းစု၏ အုတ်မြစ်ပင် အကြီးအကျယ် ယိမ်းယိုင်လာခဲ့သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now