64-2

1K 153 4
                                    

Unicode

အခန်း - (၆၄/၂)

ယနေ့ခေတ် အင်တာနက်တခွင် ပွဲများစွာဖြင့် စည်ကားနေတော့သည်။ ထို့အပြင် ချန်းရှီကွေ့၏ ပို့စ်များလည်း နာမည်ကြီးနေသဖြင့် ကျို့ကျီ၏ PR Team က ပြဿနာသိပ်မဖြေရှင်းလိုက်ရပေ။

ကျို့ကျီ၏ဘော့စ်ဖြစ်သူ လီကျန့်ဟွေခမျာလည်း ချန်းရှီကွေ့နှင့်နဉ်ရှီ တွဲနေကြောင်း သိသွားပြီးနောက် ငုတ်တုတ်မေ့သွားရသည်။ အတော်ကြာ အသံတိတ်သွားပြီးမှ ကျန်းချင်းယွင်အား အံ့ဩတကြီး လှည့်ကြည့်ကာ.. “နဉ်ရှီနဲ့ ချန်းရှီကွေ့က ချစ်သူတွေ..? မင်းဘာလို့ စောစောက မပြောပြတာလဲ..?”

“သူဌေး.. ကျွန်တော်လည်း ဒီမတိုင်ခင်က မသိခဲ့ဘူး..” ယခုအခြေအနေမျိုး မရောက်ခင်အထိ ကျန်းချင်းယွင်က လီကျန့်ဟွေ့အား လုံးဝမပြောပြခဲ့သလို နဉ်ရှီတို့၏ ဆက်ဆံရေးကို သူ တစ်ချိန်လုံး သတိထားမိနေမှန်း သိခွင့်ပြုလိမ့်မည် မဟုတ်ပေ။ “မစ္စတာချန်းက နဉ်ရှီနဲ့ သူငယ်ချင်းတွေပါလို့ ထုတ်ပြောခဲ့ဖူးတော့ ကျွန်တော်လည်း အဲ့အကြောင်း သိပ်မတွေးမိလိုက်တာ.. သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းကွာခြားတယ်လေ.. ကျွန်တော်လည်း ဘယ်လိုလုပ် လျှောက်တွေးရဲမှာလဲ..?”

ကျန်းချင်းယွင် အမှန်အတိုင်းပြောနေမှန်း လီကျန့်ဟွေ သိလိုက်သည်။ သူကိုယ်တိုင်ကလည်း ချန်းရှီကွေ့ကို သတိကြီးပြီး စည်းကမ်းကြီးသည့် ယောက်ျားတစ်ဦးလို့သာ မှတ်ယူထား၏။ ယခုလို မိန်းကလေးအနုပညာရှင်တစ်ဦးနှင့် ချစ်ကြိုက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကိုယ်ပိုင်ဖျော်ဖြေရေးကုမ္ပဏီကို အဆင့်တစ်ခုတွင် ရပ်တည်နိုင်သည်အထိ စီမံအုပ်ချုပ်နိုင်သော လီကျန့်ဟွေသည် ငတုံးမဟုတ်ပေ။ ထိုကောလာဟလများဟာ အစကတည်းက မှန်ကောင်းမှန်လိမ့်မည်။ သို့သော် သူက ‘နဉ်ရှီကြောင့် ချန်းရှီကွေ့က ကျို့ကျီမှာ ရင်းနှီးမြှုပ်နှံတာ’ ဟူသည့် ကောလာဟလများကို တကယ်တမ်း မယုံကြည်ခဲ့ပေ။ သို့တိုင် နဉ်ရှီ၏ ကျော်ကြားမှုကို စန်းတင်နိုင်ရန်အတွက် သူက ကောလာဟလများကို ငြင်းဆန်မနေဘဲ တစ်ခါတရံ PR Team ကိုပင် အသုံးပြု၍ နဉ်ရှီကို ထိပ်သီးသတင်းဖြစ်လာအောင် ကူညီစေခဲ့သေး၏။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now