4

2.2K 239 6
                                    

Unicode

Chapter 4  The Enthusiastic Literary Director

နဉ်ရှီဟာ တစ်နွေလုံးရုပ်ရှင်ရိုက်ရင်း သူ(မ)ရဲ့ဇာတ်ဝင်ခန်းတွေအားလုံး ရိုက်ကူးဖို့စောင့်နေရင်းနှင့်ပင် အချိန်ကုန်ဆုံးခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ကဇာတ်ကားတစ်ခုလုံးကို အပြီးသတ်ခဲ့တဲ့အချိန် ဆောင်းဦးအစကိုပင်ရောက်နေနှင့်ပြီ။

ရုပ်ရှင်မြို့တော်မှထွက်လာပြီးနောက် မြို့တော်ကိုပြန်မည့်လေယာဉ်ပေါ်ရောက်မှသာလျှင် နဉ်ရှီသည်နောက်ဆုံးစိတ်လျှော့သွားရကာ သက်သာရာရသွားလေ၏။ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့၏အချိန်ဇယားကို ခပ်မြန်မြန်အမှီလိုက်ရန်နှင့် အချိန်မှီအပြီးသတ်ဖို့ရန်အတွက် သူတို့လည်းပြီးခဲ့တဲ့နှစ်ပတ်လုံး ကောင်းကောင်းမအိပ်ခဲ့ရချေ။ ဒုတိယအမျိုးသမီးဇာတ်ဆောင်အနေဖြင့် နဉ်ရှီလည်း ခက်ခဲကြမ်းတမ်းသော အလုပ်မှကင်းလွတ်ခွင့်မရှိနေပေ။

လေယာဉ်စတင်ပျံသန်းသည့်အခါဝယ် နဉ်ရှီသည်သူ(မ)မျက်လုံးတွေကိုပိတ်ပြီး အိပ်ပျော်သွားလေ၏။ လေယာဥ်ဆင်းသက်ခါနီး တုန်ခါမှုအနည်းငယ်ကိုမကြုံလိုက်ရမချင်း သူ(မ)မနိုးလာခဲ့ဘူး။ ဖြစ်ချင်တော့ သူတို့တွေလေယာဥ်ဆင်းသက်ဖို့ အဆင်သင့်ဖြစ်ခါနီးနေပြီ။

နဥ်ရှီကနာရီကြည့်ဖို့ သူ(မ)၏လက်ကို မြှောက်လိုက်သည်။ မွန်းလွဲ၃နာရီပင်ရှိနေပြီ။ သူ(မ)ရဲ့နဖူးကိုနှိပ်နယ်လိုက်ပြီး မူးနောက်နောက်ဖြစ်နေကာ ထိုင်ခုံအထက်ပြန်လှဲချလိုက်၏။

ရှောင်ယန်က နဉ်ရှီရဲ့ဒူးထိလျှောကျနေတဲ့စောင်ကို ဂရုတစိုက်နဲ့ပြန်တင်ပေးပြီး သူမကိုမေးလိုက်သည်။

"အစ်မရှီ, အဆင်ပြေရဲ့လား?"

"ထွေထွေထူးထူးမဟုတ်ပါဘူး" နဉ်ရှီ ပြုံးလိုက်၏။ "ကျွန်မ ဒီတစ်လော ကောင်းကောင်းမအိပ်ထားရလို့လေ"

ပြီးခဲ့တဲ့ရက်တွေက မအားလပ်နိုင်အောင် များပြားလှတဲ့ ရိုက်ကူးရေးတွေကိုသတိရသွားကာ ရှောင်ယန်၏မျက်နှာက ရှုံ့မဲ့သွား၏။ သရုပ်ဆောင်တွေဘဝက တကယ်ကို မလွယ်ကူဘူးပဲ။

သူတို့လေဆိပ်ကထွက်လာသည်နှင့်တစ်ပြိုင်နက် နဥ်ရှီဟာဆူညံနေတဲ့မြင်ကွင်းနှင့် ဆုံလိုက်ရကာ ဖန်တစ်ယောက်ကိုဝင်တိုက်မိသွားသည်။ နဥ်ရှီဟာ မိန်းကလေးတစ်ယောက်ကြောင့် မြေပေါ်ကိုပြုတ်ကျလုနီးနီးပင်။ သူ(မ)ကကြမ်းခင်းပေါ်ကို လက်တစ်ဖက်ဖြင့်ထောက်ထားရာ ခုလေးတင်ဖြတ်သွားတဲ့မိန်းကလေးကို မမြင်နိုင်ခဲ့ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now