64-1

1K 164 6
                                    

Unicode

အခန်း - (၆၄ /၁)

ဝေစစ်ချီ၏ Weibo Account ပေါ်သွားပြီးနောက် ပရိသတ်များက တစ်စစီ အမဲဝိုင်းဖျက်ခဲ့ကြလေသည်။  ထို့ကြောင့် ဝေစစ်ချီ အကောင့်ဖျက်သွားပြီး Username နောက်တစ်ခု အသုံးပြုလာချိန်တွင် အင်တာနက်သုံးစွဲသူများက သူမကို တိတ်တိတ်ဆိတ်ဆိတ်လေး ချောင်ကပ်နေလိမ့်မည်ဟု ထင်ထားခဲ့ကြ၏။ ယခုလို Post ထတင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

ထိုပို့စ်အောက်တွင် အကြိတ်အနယ် ဆွေးနွေးကြတော့သည်။

ပွဲကြည့်ပရိသတ် 1 : “ဒီတစ်ယောက်က တကယ်ကြီး တုံးအတာလား..? ဒါမှမဟုတ် Acc hack ခံရတာများလား..?”

ပွဲကြည့်ပရိသတ် 2 : “ရှောင်မင်ရဲ့အဘိုး နှစ်တစ်ရာအထိ အသက်ရှည်ခဲ့တာ မစပ်စုတတ်လို့နော်.. နဉ်ရှီနဲ့ ချန်းရှီကွေ့ရဲ့ ဆက်ဆံရေးက ဘာပဲဖြစ်ဖြစ်.. နင်နဲ့ဘာဆိုင်လို့လဲ..?”

ပွဲကြည့်ပရိသတ် 3 : “အရှက်မဲ့တဲ့လူတစ်ယောက် အသိစိတ်ပျောက်သွားရင် ဘာလုပ်လုပ် မထူးဆန်းတော့တာနော်.. လွန်ခဲ့တဲ့ ၈ နှစ်တုန်းက နင်က တခြားလူတွေကို ဦးဆောင်ပြီး နဉ်ရှီကို အနိုင်ကျင့်ခဲ့တယ်.. ၈ နှစ်ကြာသွားတော့လည်း နဉ်ရှီကို မကောင်းသတင်းတွေနဲ့ အပုပ်ချဖို့ ရေတပ်ကလူတွေကို ဦးဆောင်နေတုန်းပဲ.. နဉ်ရှီအပေါ် တစ်ခုမှမကောင်းခဲ့တဲ့အပြင် အခုလည်း နဉ်ရှီနဲ့ ချန်းရှီကွေ့ကြား စိတ်ဝမ်းကွဲရအောင် သွေးထိုးပေးနေပြန်တယ်.. နင့်မှာ လူစိတ်ရှိသေးရင် ယုတ်မာနေတာတွေ ရပ်လိုက်သင့်ပြီ..!”

ဝေစစ်ချီသည် ကွန်ပြူတာရှေ့တွင် ထိုင်နေပြီး သူမအပေါ် ဝေဖန်ဆဲဆိုထားသော Comment များကို မြင်လိုက်ရသောအခါ ဖန်ခွက်ကို ဒေါသတကြီး လွှင့်ပစ်လိုက်၏။ ပြီးနောက် သွေးရူးသွေးတန်းဖြင့် အင်တာနက်သုံးစွဲသူများကို ရန်ပြန်တွေ့တော့သည်။

ချီချီ : “နင်တို့အားလုံး ဘာသိလို့လဲ..? နဉ်ရှီက ဟန်ဆောင်နေတာ.. အဲ့မိန်းမက ငါတို့ကို လက်စားပြန်ချေချင်လို့ ဥက္ကဋ္ဌချန်းကို ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းခဲ့တာ.. ချန်းရှီကွေ့ .. ရှင် အသုံးချခံနေရပြီ.. အဲ့ကိစ္စနဲ့ပက်သက်ပြီး ရှင် ဘာမှမသိသေးပါဘူး..”

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now