42

1.2K 167 43
                                    

Unicode

အခန်း - (၄၂)

“အစ်မရှီရှီ.. အင်တာနက်ပေါ်မှာ အစ်မကို နာမည်ဖျက်နေကြတယ်..” ရှောင်ယန်သည် အင်တာနက်ပေါ်မှ Hot Topic များကို ဆက်ဆွဲကြည့်လေ၊ တစ်ခုခုမှားယွင်းနေသလို ခံစားလာရလေပင်။ အစပိုင်းတွင် အရာအားလုံး အဆင်ပြေနေသော်လည်း အဘယ်ကြောင့် အစ်မရှီရှီက အရှက်မဲ့ပြီး CEO ချန်း သူမအပေါ် တိတ်တခိုးချစ်ခြင်းကို သာယာနေသည်ဟု အဆုံးသတ်သွားရသနည်း။

“ဒီ Account တွေပဲ ထပ်လာပြန်ပြီ..” နဉ်ရှီက သူမ၏ဖုန်းကိုဖွင့်၍ Weibo ကြည့်လိုက်သည်။ အရင်တစ်ခေါက် ကျူးမိုလီ ရေတပ်သုံးခဲ့စဉ်က သူမကို နာမည်ဖျက်ခဲ့သော Accounts များပင်။ ဤတစ်ကြိမ်လည်း ရောက်လာပြန်သောကြောင့် ဘာတွေဖြစ်ပျက်နေမှန်း နဉ်ရှီ ချက်ချင်း နားလည်သွားသည်။

“အစ်ကိုကျန်းကို ဖုန်းခေါ်ပြီး ကုမ္ပဏီကို ဖြေရှင်းခိုင်းလိုက်မယ်..” ရှောင်ယန်၏အမြင်တွင် အစ်မရှီရှီသည် ဘက်စုံပြစ်ချက်ကင်း၏။ ထိုသို့သော အမျိုးသမီးလေးအား ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ရှောင်ယန်သည် သည်းမခံနိုင်ခဲ့ပေ။

“အလုပ်ရှုပ်မခံနဲ့..” နဉ်ရှီက ရေတစ်ငုံသောက်လိုက်ပြီး.. “ဒီလိုသတင်းတွေက ရက်အနည်းငယ်ဆို ပျောက်ကွယ်သွားမှာ.. ငါတို့ဘက်က ထရှင်းလိုက်ရင် တစ်ဖက်လူဖြစ်စေချင်သလို ဖြစ်သွားလိမ့်မယ်..”

“အို…” ရှောင်ယန်က အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အေးဆေးတည်ငြိမ်နေသော နဉ်ရှီကိုကြည့်ရင်း သူမ၏စိတ်ထဲတွင် လေးစားကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့သည်။

အစ်မနဉ်ရှီက တကယ့်ကို စိတ်ထိန်းနိုင်တာပဲ..!

ရှောင်ယန်သိသည်။ သူမသာ စွပ်စွဲခံရသူဆိုလျှင် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေမည်မှာ သေချာပေါက်ပင်။

ရှောင်ယန်၏ အူတူတူပုံစံလေးကိုကြည့်ရင်း နဉ်ရှီ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ ပြီးနောက် ခေါင်းငုံကာ Personal Phone မှတဆင့် စာတစ်စောင်ပို့လိုက်သည်။ ပြီးနောက် စာပို့ထားသည့် မှတ်တမ်းကို ဖျက်ပစ်လိုက်လေသည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းWhere stories live. Discover now