128

6.1K 1.2K 79
                                    

Unicode

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ရှေ့တစ်လှမ်းတိုးစေတယ်။ လက်တစ်ဖက်က ရွှယ်ယို့ရှန်းကို ဖမ်းဆွဲထားပြီး ကျန်လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်တယ်။ ထို့နောက် ဖိအားအရှိန်အဝါထုတ်ကာ လူအုပ်ကြီးကို ငြိမ်သက်စေလိုက်တယ်။

“သူက ရွှယ်ယို့ရှန်း၊ ကျုပ်ရဲ့ ‘ကံကြမ္မာကူးပြောင်းခြင်း’ က သူ့အတွက်ပဲ..”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းနဲ့ သူ့ရဲ့ဆက်ဆံရေးကို ကျယ်လောင်စွာ ကြေညာလိုက်တယ်။

“…………..”

ထိုကိစ္စရဲ့ အဓိကဇာတ်လိုက်ဖြစ်တဲ့ ရွှယ်ယို့ရှန်းခမျာ စိတ်လှုပ်ရှားသွားရတယ်။

ရင်းဆုယဲ့ရဲ့ နန်းတက်ပွဲက မပြီးသေးဘူးလေ..! ရင်းဆုယဲ့က မပြီးမသတ်ရသေးတဲ့ ရိုးရာဓလေ့တွေကို လျစ်လျူရှုပြီး အခမ်းအနားရဲ့ ရည်ရွယ်ချက်ကို ပြောင်းပစ်လိုက်တယ်။ ပြီးတော့ သူ့ကို ရှေ့ထွက်ခိုင်းပြီး ‘ကံကြမ္မာကူးပြောင်းခြင်း’အကြောင်း ပြောလာခဲ့တယ်။ အဲ့လိုလုပ်တာ ကိစ္စတွေ မရှုပ်ထွေးကုန်ဘူးလား..? ဒီလိုကြီးပြောချလိုက်တာ အဆင်ပြေရဲ့လား..? သူအတွက် အဲ့လောက် အလျင်မလိုပါဘူး..! မထင်မရှား အနေအထားမျိုးလေးမှာပဲ နေပါရစေ၊ မရဘူးလားဟင်..? လူတွေအများကြီး ဝိုင်းကြည့်နေကြတော့ အရမ်းစိတ်လှုပ်ရှားတာပဲ.. သိရဲ့လား..?!

ဒါပေမဲ့ ရင်းဆုယဲ့က သူ့ရဲ့ဖြစ်တည်မှုကို ကြေညာလိုက်ပြီဆိုတော့ သူ့အတွက်၊ ပြီးတော့ ရင်းဆုယဲ့အတွက် ရွှယ်ယို့ရှန်းလည်း နောက်ဆုတ်လို့မရတော့ဘူး။

“ကျွန်တော်က မင်းတို့ဘုရင်အသစ်ရဲ့ ‘ကံကြမ္မာကူးပြောင်းခြင်း’ဆိုင်ရာ ရွှယ်ယို့ရှန်းပါ..”

ရွှယ်ယို့ရှန်းရဲ့ အေးစက်စက်အသံက မနိမ့်လွန်း၊ မမြင့်လွန်း၊ ပုံမှန်အနေအထားအတိုင်း ထွက်ပေါ်လာခဲ့တယ်။ သူ့ရဲ့ မွေးရာပါဗီဇဖြစ်တဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မျက်နှာအမူအယာ ထိန်းသိမ်းထားနိုင်တဲ့ အရည်အချင်းရှိနေတာ ကံကောင်းသွားတယ်။ ထို့ကြောင့် အချိန်မရွေး နေရာမရွေး မြင့်မြတ်သာလွန်တဲ့ အရှိန်အဝါကို ထုတ်ဖော်နိုင်စွမ်းရှိတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now