Unicode
ရွှယ်ယို့ရှန်းတစ်ယောက် စာကြည့်ဆောင်ထဲမှာ ပျင်းရိပျင်းတွဲထိုင်ရင်း စာအုပ်တစ်အုပ်ကို တစ်ရွက်ချင်းလှန်ပြီး စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ရင်းဆုယဲ့ကို ခိုးခိုးကြည့်နေခဲ့တယ်။
လူတွေပြောကြတယ်၊ ‘အမျိုးသားတွေက အလုပ်ကြိုးစားတဲ့အချိန်မှာ အခန့်ညားဆုံးပဲ’တဲ့။
သူလက်ခံသွားပြီ။ ရင်းဆုယဲ့က နဂိုချောပြီးသားဆိုတော့ သူဘာပဲလုပ်လုပ် လူတိုင်းရဲ့အမြင်မှာ ကြည့်လို့ကောင်းနေတော့တာပဲ။ အထူးသဖြင့် လူသားဘုရင်အဖြစ် ထီးနန်းဆက်ခံပြီးနောက်မှာ ဘုရင်တစ်ပါးရဲ့ မြင့်မြတ်ပြီး လွှမ်းမိုးနိုင်စွမ်းပြင်းတဲ့ အရှိန်အဝါက လူတွေကို ညွတ်တွားခယစေတယ်၊ အကြည့်မလွှဲနိုင်အောင် ဖြစ်စေတယ်။ သူက ‘Beauty-con’ မဟုတ်ပေမယ့် အလှတရားတွေကို ခံစားရတာ မကြိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်မှမဟုတ်တာ။
ရင်းဆုယဲ့ထက် သူ့ရဲ့သွင်ပြင်က ပိုပြီးညှို့ဓာတ်ပြင်းတယ်ဆိုတာကို ရွှယ်ယို့ရှန်း မေ့လျော့နေခဲ့တယ်။
(TN : Beauty-con ဆိုတာ bro-con တို့၊ Sis-con တို့လိုပါပဲ။)
“ဘာတွေကြည့်နေတာလဲ..?”
ရွှယ်ယို့ရှန်းရဲ့အကြည့်ကို အာရုံခံမိတာကြောင့် ရင်းဆုယဲ့က လုပ်လက်စအလုပ်ကို အောက်ချပြီး ရွှယ်ယို့ရှန်းကို ကျီစယ်လိုက်တယ်။ ရွှယ်ယို့ရှန်း ခိုးကြည့်တိုင်း ရင်းဆုယဲ့ သိနေခဲ့တယ်ဆိုတာ သိသာလွန်းနေတယ်။
“ခင်ဗျား…………...”
ရင်းဆုယဲ့ရဲ့လေသံထဲက မကောင်းတဲ့ အကြံအစည်တွေကို ခံစားမိလိုက်တာကြောင့် ရွှယ်ယို့ရှန်းက အားနည်းဟန်မပြဘဲ ပြန်လည်တိုက်စစ်ဆင်လိုက်တယ်။ ထို့ကြောင့် စကားကို တစ်ဝက်မှာရပ်ထားပြီး နားလည်မှုလွဲအောင် လုပ်လိုက်တယ်။
“ဟမ်..?”
ရင်းဆုယဲ့က ကောင်လေးရဲ့ ထောင်လွှားနေဟန်ကိုကြည့်ပြီး ဒီကောင်လေး သူ့ကို စနောက်နေမှန်း သိလိုက်တယ်။ ထို့ကြောင့် ကောင်လေးဖြစ်ချင်သလို ပူးပေါင်းပေးလိုက်တယ်။
“ခင်ဗျား………… မသိတတ်လွန်းလို့ စိုက်ကြည့်နေတာ..!”
ရွှယ်ယို့ရှန်းက လေးလေးနက်နက် ဆက်ပြောလိုက်တယ်။
YOU ARE READING
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!
Fantasyဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတဲ့ဝတ္ထုကို ရေးခဲ့မိတာပဲ... သူ့ဆီမှာ ဖြစ်ပျက်သမျှတွေထဲက ကံအဆိုးဆိုးတစ်ခုကို ပြောပါဆိုရင်တော့ -သူရေးခဲ...