131

5.8K 1.1K 63
                                    

Unicode

“ကြင်ယာတော်ရွေးပွဲ စပြီလား..?”

ရွှယ်ယို့ရှန်းက မြေခွေးကို လှည့်မေးလိုက်တယ်။

“စနေပြီ..”

မြေခွေးက အမှန်အတိုင်း ပြန်ဖြေလိုက်တယ်။

“တော်တော် သတ္တိကောင်းနေကြတာပဲ.. ကြင်ယာတော်ရွေးပွဲ စတင်တာတောင် ကျွန်တော်နဲ့ရင်းဆုယဲ့ကို လာမခေါ်ကြဘူးလား..?!”

စိတ်ကြိုက်ခြယ်လှယ်နေတဲ့ ထိုလူတစ်စုကြောင့် ရွှယ်ယို့ရှန်းမှာ စိတ်တိုတာထက် နားမလည်နိုင်ဖြစ်အောင် ဖြစ်သွားရတယ်။

ကြင်ယာတော်ရွေးပွဲကို ရင်းဆုယဲ့လက်မခံမချင်း နည်းလမ်းအမျိုးမျိုးသုံးပြီး စည်းရုံးသိမ်းသွင်းခဲ့ကြတဲ့ ထိုလူတစ်စုက ရင်းဆုယဲ့သဘောတူလိုက်တာနဲ့ သူတို့ကြိုတင်ရွေးချယ်ထားတဲ့ အနယ်နယ်အရပ်ရပ်က မိန်းမပျိုတွေ၊ ယောက်ျားပျိုလေးတွေကို ၅ ရက်အတွင်း မြို့တော်ကို အရောက်လာစေခဲ့တယ်။ မသိရင် ရင်းဆုယဲ့ စိတ်ပြောင်းသွားမှာကို ကြောက်နေတဲ့အတိုင်းပဲ။

အခုကျပြန်တော့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြတဲ့ ကြင်ယာတော်ရွေးပွဲ စတင်တာတောင် ရင်းဆုယဲ့ကို လာမခေါ်ကြပြန်ဘူး။ သူ့ကို အဖက်မလုပ်တာ နားလည်နိုင်ပါသေးတယ်။ ရင်းဆုယဲ့ကို လာမခေါ်ကြတာတော့ တကယ့်ကို နားမလည်နိုင်စရာပဲ..!

ကမ္ဘာမတူတော့ အတွေးအခေါ်တွေ မတူကြတာများလား..?

“သူတို့ပြောတာတော့ ကြင်ယာတော်ရွေးပွဲအတွက် လာရောက်ယှဉ်ပြိင်ကြတဲ့လူတွေ အရမ်းများလွန်းလို့ သခင်က တစ်ယောက်ချင်း ကြည့်နိုင်မှာမဟုတ်ဘူးတဲ့.. အဲ့တာကြောင့် အကြိုရွေးပွဲလုပ်ပြီး အရည်အချင်းမပြည့်မီတဲ့ လူတစ်ချို့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကြတာ.. နောက်ဆုံးအဆင့်မှ သခင့်ကိုဖိတ်ခေါ်ပြီး ရွေးချယ်ခိုင်းလိမ့်မယ်..”

မြေခွေးက သူကြားခဲ့သည့်အတိုင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

*ကြင်ယာတော်ရွေးပွဲအတွက် ယှဉ်ပြိုင်သူတွေကို စိစစ်ရွေးချယ်ခြင်း*

နားထောင်ကောင်းအောင်ပြောရရင် သခင့်ကိုယ်စား သခင့်ရဲ့တာဝန်ကို လက်အောက်ငယ်သားတွေက မျှဝေကူညီပေးတာပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ရာထူးကြီးပုဂ္ဂိုလ်တွေကြားက ယှဉ်ပြိုင်ပွဲပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now