137

5.5K 1.1K 58
                                    

Unicode

“ရင်းဆုယဲ့.. ကျွန်တော် ခင်ဗျားပေါ်မှာ တံဆိပ်နှိပ်လိုက်ပြီနော်.. အဲ့တာကြောင့် အခုကစပြီး ခင်ဗျားက ကျွန်တော့်အပိုင်ပဲ..!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့နှုတ်ခမ်းကို အကြိမ်အနည်းငယ်မျှ နမ်းရှိုက်ပြီးနောက် ဖြူစင်သန့်ရှင်းတဲ့ အနမ်းတိုလေးကို ရပ်တန့်လိုက်တယ်။ ပြီးနောက် သူ့ရဲ့ပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ကြေညာပစ်လိုက်တယ်။

သူသိတယ်၊ အလစ်ဖမ်းပြီး လက်ဦးမှုယူလိုက်လို့ ရင်းဆုယဲ့အပေါ် အသာစီးရနေတာ။ ဒီအတိုင်း ဆက်နမ်းနေရင် ရင်းဆုယဲ့က သူ့အပေါ် လွှမ်းမိုးသွားလိမ့်မယ်။ အဲ့တော့ သူ့ရဲ့မဟာဆန်တဲ့ပုံရိပ်ကို ထိန်းသိမ်းနိုင်ဖို့ရာအတွက် အနှောင့်အယှက်ဖြစ်နိုင်တဲ့ အရာမှန်သမျှ ရပ်တန့်ပစ်ရလိမ့်မယ်။

အနမ်းမကလို့ ဘာပဲဖြစ်ဖြစ်၊ နည်းနည်းဆို လုံလောက်ပြီ..!

ဟမ့်.. ဟမ့်..! မဟုတ်လို့ကတော့ သူ့ရဲ့ပုံရိပ်ကို နည်းနည်းမှ ပျက်ဆီးခံမှာမဟုတ်ဘူး..!

ဒါနဲ့ ရင်းဆုယဲ့နဲ့နမ်းရတာ တော်တော်လေး ခံစားလို့ကောင်းတယ်။ နူးညံ့သွယ်ပျောင်းနေတဲ့ အဲ့ဒီလျှာ….... လူကို ပိုပိုပြီးလိုချင်လာအောင် ပြုစားနိုင်လွန်းတယ်။ လူတော်တော်များများ ဒီကိစ္စကိုကြိုက်ကြတာ အံ့ဩစရာမရှိတော့ပါဘူး..!

အလင်းကိုကျောခိုင်းထားတဲ့ ရင်းဆုယဲ့ရဲ့ မျက်နှာချောချောလေးကို ငေးမောကြည့်နေရင်း ရွှယ်ယို့ရှန်းရဲ့မျက်နှာက အနည်းငယ် မကျေမနပ်ဖြစ်လာတယ်။ မရည်ရွယ်ပါဘဲ သူ့ရဲ့အတွင်းစိတ်ထဲမှာ မလျော်ကန်တဲ့ ပုံရိပ်ယောင်တချို့ ထင်ဟပ်လာခဲ့တယ်။

အယ့်.. ပုံရိပ်ယောင်တွေကို အမှန်ထင်လို့မဖြစ်ဘူး..! ဟိုရုပ်ဆိုးဆိုးလူတွေကို အာရုံစိုက်ထားမှဖြစ်မယ်..!

(TN : အဟမ်း.. ရွှယ်ကြူးကြူး ဘာတွေတွေးနေပါလိမ့်.. အောက်ကမော့ကြည့်နေပြီး အလင်းကိုကျောခိုင်းထားတဲ့ပုံရိပ်၊ မလျော်ကန်တဲ့အတွေးတွေ.. အဟီး.. ကိုယ့်ဘာသာ ဆက်တွေးလိုက်ကြတော့။ )

“ဟုတ်ပါပြီ.. မင်းကလည်း ကိုယ့်အပိုင်ပဲ..!”

ရင်းဆုယဲ့က မီးမွှေးချင်နေတဲ့ ကောင်လေးကို ကူရာမဲ့စွာ စိုက်ကြည့်ရင်း ပြန်ဖြေလိုက်တယ်။ သူ့ရဲ့မျက်ဝန်းထဲမှာတော့ အလိုလိုက်ခြင်းအပြည့်။ ဒါပေမဲ့ မီးမွှေးထားတဲ့ တစ်ယောက်သောသူကတော့ ဘာမှမသိရှာဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now