138

5.4K 1K 67
                                    

Unicode

“နောက်ဆုံးတော့ ဖြေရှင်းလို့ပြီးပြီ..!”

ရွှယ်ယို့ရှန်းက သူ့ရဲ့ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ အကြောဆန့်လိုက်တယ်။ ဘာမှပြန်မပြောနိုင်ဘဲ ဒီအတိုင်း ထွက်သွားကြရတဲ့ မှူးမတ်တစ်စုနဲ့ ပြိုင်ပွဲဝင်တွေကိုကြည့်ရင်း ကောလဟာလတွေကြောင့် စိတ်အခြေအနေမကောင်းခဲ့သမျှ စိတ်ချမ်းသာလာသလိုပဲ။

ထင်တဲ့အတိုင်းပဲ၊ စိတ်အခြေအနေမကောင်းရင် တခြားလူတွေကိုသာ အနိုင်ကျင့်ပစ်လိုက်၊ ပျော်ရွှင်လာစေရမယ်..!

ရင်းဆုယဲ့က သူ့အပေါ်မျက်နှာပေးနေမှန်း သိနေတာတောင် လူတိုင်းက သူ့ကို အကြောင်းပြချက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ သူက ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုမစိုက်ဘူးတဲ့လေ။ ထပ်ပြီးပြောကြသေးတယ် ‘ရင်းဆုယဲ့ကို မောင်ပိုင်စီးထားဖို့ သူ့ကိုဘယ်သူပြောလို့လဲ..?’ တဲ့။

ဒီကိစ္စနဲ့ပက်သက်ပြီး တွေးတောမိတိုင်း ရွှယ်ယို့ရှန်းခမျာ မတရားခံနေရသလို ခံစားခဲ့ရတယ်။ တကယ်ဆို ရင်းဆုယဲ့က သူ့ကို အတင်းတွယ်ကပ်နေတာလေ၊ ဒါပေမဲ့ လူတွေအမြင်မှာတော့ သူက ရင်းဆုယဲ့ကို ဖြားယောင်းနေသတဲ့။

ဘယ်လိုပဲပြောပြော ဒီကြင်ယာတော်ရွေးပွဲကြောင့် သူ့ကို ပြဿနာရှာနေတာတွေ ရပ်သွားလိမ့်မယ်လို့ သူယုံကြည်တယ်။ အခုဆို ရင်းဆုယဲ့နဲ့သူက ‘သေအတူရှင်မကွာစာချုပ်’ ချုပ်ထားတယ်ဆိုတာ လူတိုင်းသိသွားကြပြီ။ လက်တလောတော့ ရင်းဆုယဲ့ကို ဖြားယောင်းဖို့ ဘယ်သူမှ ကြံစည်ရဲတော့မှာမဟုတ်ဘူး။ ပြီးတော့ သူ့ကိုလည်း လူပုံအလယ်မှာ မျက်နှာပျက်အောင် လုပ်တာတွေ၊ မဟုတ်မမှန် လျှောက်ပြောတာတွေလည်း မလုပ်ကြလောက်တော့ဘူး။ သူက သူတို့ဘုရင်ကြီးနဲ့ ‘သေအတူရှင်မကွာစာချုပ်’ ချုပ်ထားတဲ့လူ ဖြစ်နေတာကိုး..!

*လဲကျသွား*

ဘာတွေပီတိဖြာနေတာလဲ..?! သူ့ဘဝက လေအေးအေးရဖို့ သစ်ပင်ကြီးတစ်ပင်ကို မှီခိုနေတဲ့အတိုင်းပဲ..!

“အင်း..!”

ပြန်လည်တက်ကြွလာတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးရိပ်တွေ ထင်ဟပ်လာတယ်။ သူ့ရဲ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now