151

4.7K 929 8
                                    

Unicode

“အရမ်းကြီး အဆိုးမမြင်ပါနဲ့.. နှလုံးသားနဲ့ ခံစားကြည့်လိုက်.. ခင်ဗျား​ဘေးမှာ ကျွန်တော့်အပြင် တခြားအရာတွေလည်း ရှိနေပါသေးတယ်..!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့စကားကို ငြင်းဆန်လိုက်တယ်။ ရင်းဆုယဲ့ရဲ့ စကားကြောင့် သူက တစ်ဖက်လူရဲ့ ကမ္ဘာကြီးတစ်ခုလုံး ဖြစ်နေသလို ခံစားလိုက်ရတယ်။ သူ့တစ်ယောက်တည်းအပေါ် အရာအားလုံး ပုံအပ်ထားတဲ့ ခံစားချက်ကြောင့် ပျော်ရွှင်ရသလို၊ တစ်ဖက်မှာလည်း စိတ်မချမ်းမသာ ဖြစ်သွားရတယ်။ ရင်းဆုယဲ့ကို သူကလွဲပြီး တန်ဖိုးထားစရာမရှိတဲ့ဘဝမျိုး မဖြစ်စေချင်ဘူး။ တစ်ယောက်တည်း ရှင်သန်နေရတဲ့အဖြစ်မျိုး မဖြစ်စေချင်ဘူး။

ထိုအကြောင်းကို တွေးနေရင်း ရွှယ်ယို့ရှန်းမှာ ရင်နာလာရတယ်။

“တခြားအရာတွေကို ဘာလုပ်ရမှာလဲ..?”

ရင်းဆုယဲ့က ခေါင်းပြန်မော့သွားပြီး ရွှယ်ယို့ရှန်းရဲ့ ဖျောင်းဖျမှုကို ငြင်းဆန်နေခဲ့တယ်။ ဘုကလန့်ဆန်တဲ့ စကားလုံးတွေက ရွှယ်ယို့ရှန်း ပြောလိုက်တဲ့ ‘တခြားအရာတွေ’ အပေါ် မနှစ်မြို့မှန်း ဖော်ပြနေလေတယ်။

“အရင်ဘဝတုန်းက အမျိုးမျိုးသစ္စာဖောက်ခံရပြီးပြီ.. အဲ့လိုဟာတွေကို ကိုယ်က ပြန်လက်ခံပေးဦးမယ်လို့ မင်းထင်နေတာလား..?”

ရွှယ်ယို့ရှန်းရဲ့ တုံ့ပြန်မှုကိုမစောင့်ဘဲ ရင်းဆုယဲ့က တဆက်တည်း မေးလိုက်တယ်။

ကောင်လေးနဲ့ စတွေ့တုန်းကတောင် အမျိုးမျိုးစမ်းသပ်ပြီးတော့မှ လက်သင့်ခံနိုင်ခဲ့တာ မဟုတ်ဘူးလား..? အဲ့တော့ တချို့အရာတွေကို ဂရုမစိုက်ပေမယ့်လည်း သူ့ရဲ့စိတ်ဓာတ်အမှန်ကို ဒီကောင်လေးသိအောင် ရှင်းရှင်းလင်းလင်း ပြောထားမှဖြစ်မယ်။ သူမှမပြောပြရင် ကောင်လေးက သူဘယ်လောက်ထိ ခံစားချက်မဲ့သလဲဆိုတာ ဘယ်တော့မှသိမှာမဟုတ်ဘူး..!

ထို့ကြောင့် ရွှယ်ယို့ရှန်း ကမ္ဘာမြေပေါ် ပြန်မသွားအောင် သူ့ရဲ့ခံစားချက်အားလုံး ပြောပြရမယ်လို့ ရင်းဆုယဲ့က ဆုံးဖြတ်လိုက်တယ်။ ကောင်လေးကို လုံးဝထွက်သွားခွင့်မပြုဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now