153

4.8K 979 10
                                    

Unicode

“အရှေ့က တော်ဝင်မြို့တော်ရဲ့ တားမြစ်နေရာပဲ.. ငါတို့ ဆက်မသွားသင့်ဘူးထင်တယ်..!”

တစ်နေကုန် ရွှယ်ယို့ရှန်းနဲ့အတူ တော်ဝင်မြို့တော်တစ်ခွင် ပြဲပြဲစင်အောင် ရတနာတွေလိုက်ရှာပြီးနောက် မြေခွေးလည်း အချီကြီးရလိုက်တယ်။

ရတနာတွေ လိုက်ရှာရတာ တကယ့်ကို အကျိုးအမြတ်များတာပဲ..! လူကို ပျော်ရွှင်စေတယ်..!

ဒါပေမဲ့ လွေ့ရွယ်က တော်ဝင်မြို့တော်ရဲ့ တားမြစ်နေရာကို ဦးတည်နေတာကြောင့် မြေခွေးလည်း ရွှယ်ယို့ရှန်းကို ဖျောင်းဖျလိုက်တယ်။ တော်ဝင်မြို့တော်ရဲ့ တားမြစ်နေရာကို ကြီးမြတ်သောဘုရင်အဆင့် ပုဂ္ဂိုလ်တွေသာ ဝင်ရောက်နိုင်တယ်။ တခြားဘယ်သူမှ ဝင်ခွင့်မရှိဘူး။ ဘုရင်တစ်ပါးဖြစ်နေရင်တောင် အထူးသတ်မှတ်ထားတဲ့ နေ့ကလွဲပြီး ဝင်လို့မရဘူး။

အရင်နှစ်တွေတုန်းက တားမြစ်နေရာကို အကြောက်အလန့်မရှိတဲ့ စွန့်စားသူတချို့ ခိုးဝင်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထွက်မလာနိုင်ခဲ့ဘူး။ ပြောရရင် သူတို့အားလုံး တားမြစ်နယ်မြေထဲမှာ သေကုန်ပြီ။ အဲတာကြောင့် လူသားနှစ်ယောက်နဲ့ သားရဲနှစ်ကောင်ပဲပါတဲ့ သူတို့အဖွဲ့လေးသာ တားမြစ်နယ်မြေထဲ ဝင်သွားရင် ပြန်ထွက်လာနိုင်ဖို့ မသေချာဘူး။

“အရှေ့က တားမြစ်နယ်မြေလား..?”

ကံဆိုးစွာဖြင့် ‘တားမြစ်နယ်မြေ’ ဆိုတဲ့စကားလုံးကို ကြားလိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက ကြောက်လန့်ရမယ့်အစား စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လာခဲ့တယ်။

ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ‘တားမြစ်နယ်မြေ’ ဆိုတဲ့စကားလုံးက ‘ရတနာတွေ’လို့ ညွှန်းဆိုနေတာပဲ..!

“ဒီလိုလုပ်ပါလား..? သခင်ပြန်လာတာ စောင့်ပြီးမှ လိုက်ပို့ခိုင်းလိုက်လေ..!”

ရွှယ်ယို့ရှန်းရဲ့ တလက်လက်တောက်ပနေတဲ့ အကြည့်ကို မြင်လိုက်တာနဲ့ မြေခွေးလည်း အခြေအနေမဟန်တော့မှန်း သိလိုက်တယ်။ ထို့ကြောင့် ရွှယ်ယို့ရှန်း စိတ်ပြောင်းလိုပြောင်းငြား ဆက်ဖျောင်းဖျလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now