154

4.3K 870 6
                                    

Unicode

“သတိထား..!”

ခဏလေးသတိလွတ်သွားတာနဲ့ ရွှယ်ယို့ရှန်းက ထိုစင်မြင့်ပေါ်ကို တက်သွားမယ်လို့ မြေခွေးလည်း မထင်ထားခဲ့ဘူး။ ထို့ကြောင့် မတုံ့မဆိုင်း ပြေးသွားလိုက်ပေမယ့် နံရံပျောက်တစ်ခုကို ဝင်တိုက်မိပြီး နောက်ပြန်ကန်သွားတယ်။

“အကာအကွယ်စည်းလား..?”

တားမြစ်နယ်မြေထဲမှာ အကာအကွယ်စည်းနောက်တစ်ခု ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။

တော်ဝင်မြို့တော်ပြင်ပမှာ အကာအကွယ်စည်းတစ်ခု ရှိနေပြီးသားမဟုတ်ပါလား။ ‘အကာအကွယ်စည်းထဲက အကွယ်အကွယ်စည်း နောက်တစ်ခု’၊ ဒီမှာရှိနေတဲ့ပစ္စည်းက အရမ်းအရေးကြီးတယ်ဆိုတဲ့သဘောပဲ..!

မြေခွေးခမျာ ရင်ထိတ်သွားရှာတယ်။

“………..”

မြေခွေးရဲ့ ‘အကုန်ဖြစ်ပြီးမှ သတိပေးတဲ့အသံ’ကို ကြားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းက မျက်လုံးလှိမ့်လိုက်တယ်။ ဒါပေမဲ့ ဘာစကားမှမပြောနိုင်ခဲ့ဘူး။ သူ့ရဲ့လက်ရှိခံစားချက်က နာတယ်၊ အရမ်းနာတယ်၊ အရမ်းအရမ်းနာတယ်။

‘နေအလင်း’ဓားကို ထိလိုက်ရုံနဲ့ လျှပ်စစ်ရှော့တိုက်ခံရသလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ..? တစ်ကိုယ်လုံး ထွန့်ထွန့်လူးနေရောပဲ..!

နာကျင်မှုကိုတောင့်ခံနေရင်း သူရဲ့ခန္ဓာကိုယ်ကနေ အရိုးတွေ ပြုတ်ထွက်သွားသလို၊ ပြန်လည်ဖွဲ့စည်းလာသလို၊ ဆိုးဝါးလွန်းတဲ့ မချိမဆန့်ဝေဒနာကြောင့် လက်ရှိအခြေအနေက တော်ဝင်မြို့တော်ရဲ့ အကာအကွယ်စည်းနဲ့ ထိမိတုန်းက ဖြစ်ရပ်အတိုင်း ဖြစ်ပျက်နေတာမှန်း သတိပြုမိလိုက်တယ်။

သောက်ရမ်းကံဆိုးလိုက်တာ..! အချိန်တိုအတွင်း ဒီလိုနာကျင်မှုမျိုးကို နှစ်ကြိမ်တောင် ခံစားလိုက်ရတယ်လို့..!

ရွှယ်ယို့ရှန်းခမျာ တိတ်တဆိတ် ညည်းတွားရင်း အံတင်းတင်းကြိတ်ကာ အော်မငိုမိအောင် တောင့်ခံထားရတယ်။ ဟွမ်ပေ့ချန်ပြောခဲ့တဲ့ စကားတချို့ကိုလည်း ပြန်တွေးမိသွားတယ်။ သူ့ရဲ့လက်ရှိသွင်ပြင်က ဟွမ်ထျန်အစစ်နဲ့ ချွတ်စွပ်မတူသေးဘူးတဲ့လေ။ အဲတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ချိပ်စည်းနောက်တစ်ခု ကျန်ရှိနေနိုင်သလို လက်ရှိအခြေအနေအရ မထိသင့်တာကို ထိလိုက်မိတဲ့အတွက် ချိပ်စည်းပျက်သွားတာ ဖြစ်လိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now