155

4.6K 958 14
                                    

Unicode

“ငါမင်းကို ရင်းဆုယဲ့နဲ့တွေ့လို့ရအောင် ခေါ်သွားပေးနိုင်တယ်လေ..”

ဘာမှပြန်မပြောတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ဟွမ်ထျန်က ထပ်ပြောလာတယ်။

“မလိုဘူး.. အဲ့အစား ရင်းဆုယဲ့လာတာကို ဒီနေရာမှာပဲ ထိုင်စောင့်နေစေချင်တယ်..!”

ရွှယ်ယို့ရှန်းက ကျိန်းသေပေါက် သဘောမတူဘူးပေါ့။

သဘောတူလိုက်လို့ ရင်းဆုယဲ့ကို သွားတွေ့တဲ့အချိန် နှစ်ယောက်သား ထချကြရင် သူ့မှာ ငိုချိန်တောင်ရလိုက်မှာမဟုတ်ဘူး..! အချိန်ဆွဲထားပြီး ဟွမ်ထျန်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဦးနှောက်ကောင်းကောင်းနဲ့ စဉ်းစားကြည့်ရမယ်။

“ဒါပေမဲ့ ငါကတော့ လက်ရှိလူသားဘုရင်နဲ့ တွေ့ကြည့်ချင်တယ်..”

ဟွမ်ထျန်က ရွှယ်ယို့ရှန်းကို ‌ရှင်းပြနေသလို ပြောလာတယ်။ ဒါပေမဲ့ မာဆတ်ဆတ်လေသံက ရှင်းပြနေတာမဟုတ်ဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို အသိပေးတာဆိုတာ သိသာနေခဲ့တယ်။

“ရင်းဆုယဲ့မှာ ဘာထူးခြားချက်မှမရှိဘူး.. ကျွန်တော်တို့လို နှာခေါင်းတစ်ခု၊ မျက်လုံးနှစ်လုံးနဲ့လူပဲ..!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ ထူးမခြားနားတဲ့ ပုံပန်းသွင်ပြင်ကို တမင်ဖော်ပြရင်း ဟွမ်ထျန်ရဲ့ စိတ်ဝင်စားမှုကို လျော့နည်းအောင် လုပ်လိုက်တယ်။

“ဒါပေမဲ့..... ရင်းဆုယဲ့ကမင်းကို သူ့အတွက် ခံစားလို့ရအောင် လုပ်ခဲ့တယ်လေ..”

ဟွမ်ထျန်က ရွှယ်ယို့ရှန်းကို စူးစိုက်ကြည့်ရင်း ပြောလာတယ်။ သူ့ရဲ့ဟန်ပန်က ရွှယ်ယို့ရှန်းရဲ့ စိတ်ဝိဉာဉ်အထိ၊ နှလုံးသားထဲအထိ ထွင်းဖောက်မြင်နေသယောင်။

“ဟီးဟီး..!”

ရွှယ်ယို့ရှန်းတစ်ယောက် ပါးစပ်တလှုပ်လှုပ်နဲ့ တသီတတန်းကြီး ဆဲရေးလိုက်တယ်။

အတွေးတွေကို လိုက်မမီတော့ဘူး..! ဟွမ်ထျန် စကားပြောပုံက အမြီးအမောက် မတည့်တဲ့အပြင် သူများကြားရင် ညစ်တီးညစ်ပတ်တွေ ထင်မြင်သွားလောက်တယ်..! နေစမ်းပါဦး.. ဟွမ်ထျန်က ရင်းဆုယဲ့ကို ဘာကိစ္စတွေ့ချင်နေရတာလဲ..? အရင်ဘဝတုန်းက တစ်ခါမှမတွေ့ဖူးသလို တစ်ယောက်နဲ့တစ်ယောက် သိတာလည်းမဟုတ်ပဲနဲ့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now