157

4.5K 928 16
                                    

Unicode

“ရွှယ်ယို့ရှန်း၊ မင်းငါ့ကို ရင်းဆုယဲ့အတွက် ခြိမ်းခြောက်တာ ဒုတိယအကြိမ်ရှိပြီနော်..”

ဟွမ်ထျန်က ရင်းဆုယဲ့ကိုဦးတည်နေတဲ့ သူ့ရဲ့တိုက်ကွက်ကို ရုတ်ချည်း ပြန်ရုတ်သိမ်းလိုက်တယ်။ အေးစက်စက်လေသံက သူ့ရဲ့ခံစားချက်အမှန်ကို ခန့်မှန်းလို့မရအောင်ပဲ။ ပြီးတော့ အခုလေးတင် လူသတ်ဖို့ကြိုးစားခဲ့တဲ့လူက သူ,မဟုတ်သလိုမျိုး ပြင်းထန်လွန်းတဲ့ ဖိအားအရှိန်အဝါကို စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်စေလိုက်တယ်။ ထို့နောက် စိတ်ဝိဉာဉ်အသွင်နဲ့ အသိစိတ်နယ်မြေထဲသွားပြီး ရွှယ်ယို့ရှန်းနဲ့ ရင်းနှီးဖော်ရွေစွာ မျက်နှာချင်းဆိုင်လိုက်တယ်။

“ခင်ဗျားကို ခြိမ်းခြောက်နေတာမဟုတ်ဘူး၊ သတိပေးနေတာ..!”

ရွှယ်ယို့ရှန်းက လေးလေးနက်နက် တွေးကာ ဟွမ်ထျန်ရဲ့စကားကို အမှန်ပြင်ပေးလိုက်တယ်။ ဟွမ်ထျန်ရဲ့ ခန္ဓာကိုယ်ထဲ ပိတ်မိနေလို့ ကူကယ်ရာမဲ့နေသယောင် ထင်ရပေမယ့် ‘ပြန်တိုက်နိုင်တဲ့ နည်းလမ်း’ မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။

ဘယ်လိုပဲပြောပြော ဒီလောကကြီးကို ဖန်တီးခဲ့တဲ့ စာရေးသူအနေနဲ့ ရွှယ်ယို့ရှန်းက လူတိုင်းမသိနိုင်တဲ့ အချက်အလက်တချို့ကို သိထားတယ်။ သူ့ရဲ့လက်ရှိအနေအထားဖြစ်တဲ့ စိတ်ဝိဉာဉ်အသွင်ကို အသုံးချပြီး တိုက်ခိုက်လို့ရတဲ့ နည်းလမ်းတချို့ ရှိနေတယ်။ ထိုနည်းလမ်းက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သိပ်မကွာဘူး။ အသွားနှစ်ဖက်ပါတဲ့ ဓားတစ်လက်လိုမျိုး ကိုယ့်ကိုယ်ကို Damage 1000 ထိစေမှ ရန်သူကို Damage 800 သာ ထိရောက်စေလိမ့်မယ်။ ဒါကြောင့် ရွှယ်ယို့ရှန်းလည်း မတတ်သာတဲ့အခြေအနေမျိုး မရောက်ခင်အထိ ထိုနည်းလမ်းကို အသုံးမပြုချင်ခဲ့ဘူး။

နည်လမ်းက ရန်သူထက် ကိုယ့်ကိုယ်ကို ပိုပြီးထိခိုက်စေတယ်မဟုတ်လား။ ကိုယ့်ကိုယ်ကို စတေးပစ်လိုက်ရင်တောင် ရန်သူက သေမှာမဟုတ်တော့ ထိုနည်းလမ်းနဲ့ ဟွမ်ထျန်ကို မခြိမ်းခြောက်ချင်ဘူး။ ထို့ကြောင့် အလျင်စလို မလှုပ်ရှားခဲ့ဘူး။ အကယ်၍သာ ဟွမ်ထျန်က ရင်းဆုယဲ့ကို ဆက်ပြီးဖိအားပေးနေခဲ့ရင် သူ့မှာ လေကြီးမိုးကြီးပြောထားပြီးမှ မျက်နှာထားစရာမရှိအောင် ဖြစ်သွားရလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now