159

4.4K 902 33
                                    

Unicode

ဟွမ်ထျန်နဲ့ရဲ့ဝူဟွားအကြောင်း နားထောင်ပြီးနောက် ရွှယ်ယို့ရှန်းလည်း သက်ပြင်းသာချလိုက်မိတယ်။

သာမာန်ခွေးသွေးဇာတ်လမ်း မဟုတ်ဘူးပဲ..!

အို့.. ရဲ့ဝူဟွားဆိုတာ ပထမဆုံးလူသားဘုရင်ရဲ့ နာမည်ပေါ့။ တကယ်တော့ သူတို့ရဲ့ဇာတ်ကြောင်းက အတော်လေး ရိုးရှင်းပါတယ်။ ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်တို့လိုပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ကွာတယ်။

အဲ့အချိန်တုန်းက လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်က သင့်မြတ်နေကြတုန်းပဲ။ မျိုးနွယ်မတူလည်းပဲ အပေါင်းအသင်း လုပ်တာတွေ၊ အတူပူးပေါင်းပြီး ခရီးထွက်ကြတာတွေ၊ စွန့်စားခန်းထွက်တာတွေ လုပ်လေ့ရှိတယ်။ အဲ့တော့ ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားတို့လည်း လူသားနဲ့ မိစ္ဆာဆိုပေမယ့် သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြတယ်။ သွားလည်းအတူ၊ စားလည်းအတူ၊ ကျင့်ကြံရင်လည်း အတူတူပဲ။

မျိုးနွယ်စုတွေကြားမှာ ဘယ်လိုပဲ ငြိမ်းချမ်းနေပါစေ၊ တစ်ရက်ရက်မှာတော့ သဘောထားမတိုက်ဆိုင်တာမျိုး ရှိလာတတ်တာပဲ..!

အငြင်းပွားမှုသေးသေးလေးကနေ ရန်ပွဲအကြီးကြီး ဖြစ်လာခဲ့တယ်။ နောက်တော့ ရန်ပွဲအကြီးကြီးကနေ လူမျိုးရေးတွေ၊ နိုင်ငံရေးပြဿနာတွေပါ ပါဝင်ပက်သက်လာရော။ ဒီလိုနဲ့ ရန်ပွဲရဲ့အရှိန်က တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး အမျိုးမျိုးသော ပဋိပက္ခတွေကြောင့် လူသားတွေရော၊ မိစ္ဆာမျိုးနွယ်တွေပါ စစ်ပွဲကို ရှောင်လွှဲလို့မရနိုင်ခဲ့ဘူး။

အဲ့အချိန်တုန်းက ဟွမ်ထျန်နဲ့ ရဲ့ဝူဟွားတို့နှစ်ယောက်လုံး တော်ဝင်ရွှေရောင်အဆင့်တောင် မရောက်ကြသေးဘူး။ သူတို့အချင်းချင်း မျိုးနွယ်အကြောင်း မပြော​ဖြစ်ကြပေမယ့် မျိုးနွယ်စုထဲမှာ သူတို့နှစ်ယောက်ရဲ့အဆင့်က သိပ်မနိမ့်ကျခဲ့ဘူး။ အဲ့တော့ စစ်ပွဲစတင်တာနဲ့ သူတို့နှစ်ယောက်လည်း ကိုယ့်မျိုးနွယ်ကိုယ်ပြန်ပြီး တိုက်ပွဲဝင်ကြရတယ်။

နှစ်ယောက်သား စစ်မြေပြင်မှာ မရေမတွက်နိုင်အောင် ရင်ဆိုင်တွေ့ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲဆိုပေမယ့် ကိုယ့်ဘက်ကိုယ်ကြည့်ပြီး တစ်ဦးကိုတစ်ဦး မငဲ့ညှာခဲ့ကြဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now