160

4.6K 890 17
                                    

Unicode

“ဘယ့်နှယ့် ဒီနေရာမှာ မိစ္ဆာနယ်မြေသွားတဲ့ နေရာပြောင်းအစီအရင်ပါ ရှိနေရတာလဲ..?”

ရွှယ်ယို့ရှန်းက တည်ငြိမ်သူကြီးဟွမ်ထျန်ကို သံသယမျက်ဝန်းတွေနဲ့ စိုက်ကြည့်လိုက်တယ်။

ဒီတစ်ခုကိုလည်း ရဲ့ဝူဟွား တည်ဆောက်သွားတာတော့ မဟုတ်လောက်ပါဘူးနော်..? ရဲ့ဝူဟွားက လူသားမျိုးနွယ်ဆိုတော့ ဘယ်လောက်ပဲစွမ်းအားကြီးကြီး မိစ္ဆာနယ်မြေထဲ လျှောက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..!

“ငါဆောက်ခဲ့တာလေ.. မိစ္ဆာမျိုးနွယ်နဲ့ ဆက်သွယ်ရအဆင်ပြေအောင်..”

ဟွမ်ထျန်က သူ့ကိုယ်သူ ညွှန်ပြကာ ပြန်ဖြေလာတယ်။

“ဒီအစီအရင်ကို ခင်ဗျားဆောက်ခဲ့တာလို့ပြောချင်တာလား..?”

ရွှယ်ယို့ရှန်းက သေချာအောင် ထပ်မေးလိုက်တယ်။

“ဟုတ်တယ်..”

ဟွမ်ထျန်က ရွှယ်ယို့ရှန်း ဘာလို့ဒီလောက်အသည်းအသန်ဖြစ်နေမှန်း နားမလည်ပေမယ့် စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတယ်။

“ခုနကပြော‌တော့ ရဲ့ဝူဟွားက ခင်ဗျားကို ချိပ်ပိတ်ခဲ့တယ်ဆို..? အခုကျတော့ ဒီအစီအရင်ကို တည်ဆောက်ခဲ့တာ ခင်ဗျားတဲ့လား..? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..?”

ရွှယ်ယို့ရှန်းကို ရေးကြီးခွင်ကျယ် လုပ်နေတယ်ဆိုပြီး အပြစ်မတင်လိုက်လေနဲ့။ ဟွမ်ထျန်ပြောတဲ့စကားတွေက ရှေ့နောက်မညီဘူးလေ။ ရဲ့ဝူဟွမ်းက ဟွမ်ထျန်ကို ချိပ်ပိတ်ပြီး မြူနှင်းတောအုပ်ထဲ ဖွက်ထားခဲ့တယ်ဆိုတာ ဟွမ်ထျန် ချိပ်ပိတ်ခံထားရတာကို ဘယ်သူမှမသိစေချင်လို့ပဲ။ အဲ့တာကြောင့် ရဲ့ဝူဟွားကလွဲရင် ဟွမ်ထျန်ရှိနေတဲ့နေရာကို တခြားဘယ်သူမှ သိမှာမဟုတ်သလို နေရာပြောင်းအစီအရင်လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဟွမ်ထျန် ပြောတာကတော့ မိစ္ဆာနယ်မြေကို ချိတ်ဆက်ထားတဲ့ နေရာပြောင်းအစီအရင်ကို သူကိုယ်တိုင် ဆောက်လုပ်ထားတာတဲ့။ ဟွမ်ထျန်က နှစ်ကိုယ်ခွဲနိုင်လို့လား..? ချိပ်ပိတ်ခံထားရတဲ့အချိန် မှော်အစီအရင်တစ်ခု တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်လို့လား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now