162

4K 778 5
                                    

Unicode

“တကယ်ပဲ ဘာတွေသိထားတာလဲ..?”

ချက်ချင်းပြန်မဖြေတဲ့ ဟွမ်ထျန်ကိုကြည့်ပြီး ရွှယ်ယို့ရှန်းက ထပ်မေးလိုက်တယ်။

“သိသင့်သမျှ အကုန်သိထားတယ်.. အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘာကိစ္စပဲဖြစ်ဖြစ် ငါသိချင်ရင် သိနိုင်တယ်..!’

ဟွမ်ထျန်ရဲ့ နှုတ်ခမ်းတွေက မသိမသာ တွန့်ကွေးသွားတယ်။

“………..”

ပထမဆုံးအနေနဲ့ ရွှယ်ယို့ရှန်း သိလိုက်ရတာကတော့ ဒီဟွမ်ထျန်က လေကြီးလွန်းတယ်ဆိုတာပဲ..! သူပြောသွားတာ ကြားလိုက်တယ်ဟုတ်..? အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂါတ်ကိုတောင် သိနိုင်သတဲ့၊ ကြွားလုံးထုတ်တာ အရမ်းများသွားပြီ..! အကြောက်အလန့်မရှိ ပြောရဲလိုက်တာ..!

“ဘယ်လိုသိလဲ..?”

ရွှယ်ယို့ရှန်းလည်း မေးခွန်းပြောင်းမေးလိုက်တယ်။

“ဘာလို့လဲဆို‌တော့ ဒီမှော်နဲ့ဓားနယ်မြေမှာ ငါက နတ်ဘုရားတစ်ပိုင်း ဖြစ်နေလို့ပဲ..!”

ဟွမ်ထျန်ရဲ့ မျက်ဝန်းတွေက အရောင်လက်လာပြီး သူ့ရဲ့သရုပ်မှန်ကို ရွှယ်ယို့ရှန်းသိအောင် မတုံ့မဆိုင်း ပြောပြလိုက်တယ်။ ရွှယ်ယို့ရှန်းလို ဖန်ဆင်းရှင်နတ်ဘုရားရှေ့မှာ သူ့ရဲ့သေးနုပ်တဲ့ ဖြစ်တည်မှုလေးကို ဖုံးကွယ်မနေသင့်ဘူးလို့ ယူဆထားတာကြောင့်ပဲ။

“…………”

ရွှယ်ယို့ရှန်းကတော့ ဟွမ်ထျန်ကို နတ်ဘုရားထက် အရူးနဲ့ပိုတူနေတယ်လို့ တွေးနေလေရဲ့။

<<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဝတ္ထုကိုရေးခဲ့တဲ့ စာရေးဆရာအနေနဲ့ ဒီကမ္ဘာပေါ်မှာ နတ်ဘုရားလိုအရာမျိုး လုံးဝမရှိဘူးဆိုတာ သူသိနေတယ်လေ။ အလွန်ဆုံးမှ ဘုရင်အဆင့်ပေါ့..! အဲ့တော့ သူ့ကိုယ်သူ နတ်ဘုရားလို့ပြောနေတဲ့ ဟွမ်ထျန်က ရှုတင်မှားရောက်လာတာများလား..?

သူတောင် တခြားလူတွေသိမှာစိုးလို့ ဖုံးကွယ်နေခဲ့ရတာ၊ အများကြီးသိထားပေမယ့် ‘သိမြင်သူ’အဖြစ် ဟန်ဆောင်ပြီး နတ်ဘုရားလို့ မပြောရဲခဲ့ဘူး။ သူ့စကားက ဟာကွက်တွေရှိနေပေမယ့် အနည်းဆုံးတော့ နီးစပ်သေးတယ်လေ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now