163

4.9K 852 30
                                    

Unicode

“အရင်ဘဝတုန်းက ဇာတ်လိုက်ဟွမ်ပေ့ချန်ကို ခင်ဗျား သတ်ခဲ့တာနော်၊ မမေ့လိုက်နဲ့..!”

ရွှယ်ယို့ရှန်းက ဟွမ်ထျန်ကို စူးစူးရဲရဲစိုက်ကြည့်ကာ မလုံမလဲဖြစ်လာအောင် ကြိုးစားလိုက်တယ်။

“ဘာကို ရှင်းပြစေချင်တာလဲ..?”

‘ဟွမ်ပေ့ချန်က ဇာတ်လိုက်’ ဆိုတဲ့ဝေါဟာရကို နားမလည်ပေမယ့် ရွှယ်ယို့ရှန်းရဲ့ ဆိုလိုရင်းကိုတော့ ဟွမ်ထျန် နားလည်လိုက်တယ်။

“ဟွမ်ပေ့ချန်ကို သတ်လိုက်တာက ဒီကမ္ဘာရဲ့ကန့်သတ်ချက်ကို ကျော်လွန်သွားပြီလို့ ပြောချင်တာ..!”

<<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဝတ္ထုရဲ့ဇာတ်ကွက်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ ဟွမ်ပေ့ချန်က ဒီကမ္ဘာရဲ့ ကံကြမ္မာသားတော်ဆိုတာ ဘယ်တော့မှပြောင်းလဲမရတဲ့ အချက်ပဲ။ အဲ့တော့ ဟွမ်ပေ့ချန်ကို သတ်လိုက်တာက ဇာတ်ကြောင်းတိုးတက်မှုကို ပျက်ဆီးစေပြီး ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာကိုပါ ပျက်ဆီးသွားစေလိမ့်မယ်။

“အဲ့တစ်ခုတော့ မှန်တယ်..!”

ဟွမ်ထျန်က ပျာယာခတ်မနေပဲ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာတယ်။

“အဲ့တော့ ဘာဆက်ဖြစ်သွားလဲ..?”

ဟွမ်ထျန်ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးတွေအောက်မှာ အရူးလုပ်မခံရစေဖို့ ရွှယ်ယို့ရှန်းတစ်ယောက် ကိုယ့်ကိုယ်ကို ပြန်သတိပေးနေရတယ်။

“ရလဒ်က…….” ဟွမ်ထျန်က ရွှယ်ယို့ရှန်း စိတ်မရှည်တော့တဲ့အထိ တမင်စောင့်နေခဲ့ပြီးမှ စကားဆက်ပြောတယ်။ “….. ဒီကမ္ဘာကြီး ပျက်စီးသွားတယ်လေ..!”

“ပျက်စီးသွားတယ်..?!”

ရွှယ်ယို့ရှန်းက မျက်လုံးပြူးသွားတယ်။ နေ့လည်စာအကြောင်း ပြောနေသလို ကမ္ဘာတစ်ခုရဲ့ ပျက်ဆီးမှုကို ပေါ့ပေါ့တန်တန် ပြောနေတဲ့ ဟွမ်ထျန်ကိုကြည့်ရင်း ရွှယ်ယို့ရှန်းခမျာ ပြောမပြတတ်အောင် ထိတ်လန့်သွားရတယ်။

“အင်း..”

ဟွမ်ထျန်က ထူးမခြားနားဟန်နဲ့ ခေါင်းညိတ်ဝန်ခံလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now