164

4.1K 793 19
                                    

Unicode

“အရှင်မင်းကြီး.. ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်တို့ လူတချို့ခေါ်ပြီး မိစ္ဆာနယ်မြေထဲ ခိုးဝင်လာနေပါပြီ..”

ရန်ယူရာက ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်ဆန် လျှောက်လာတယ်။ ပလ္လင်ပေါ်က ဟွမ်ထျန်ကို မြင်လိုက်တာနဲ့ တည်တင်းနေတဲ့ မျက်နှာထားက ရုတ်ချည်း ရိုသေကျိုးနွံသွားပြီး သူမ,ရရှိခဲ့တဲ့ သတင်းတွေကို လိုရင်းတိုရှင်း တင်လျှောက်လာခဲ့တယ်။ ဒါပေမဲ့ လက်ရှိလူသားဘုရင်ဖြစ်တဲ့ ရင်းဆုယဲ့အပေါ် နည်းနည်းလေးတောင် ရိုသေလေးစားမှုမရှိဘူး။ နာမည်အတိုင်း တိုက်ရိုက်ခေါ်ဝေါ်ခဲ့တယ်။ သူမရဲ့စိတ်ထဲမှာ ဟွမ်ထျန်တစ်ဦးတည်းကိုသာ ဘုရင်အဖြစ် သတ်မှတ်ထားလေတယ်။

“အမိန့်ထုတ်ပြန်လိုက်.. ကျုပ် သူတို့နှစ်ယောက်နဲ့ တွေ့ချင်တယ်..”

ဟွမ်ထျန်က ရင်းဆုယဲ့နှင့် ဟွမ်ပေ့ချန်တို့အား အမှုမထားသလို လက်ကိုဝှေ့ယမ်းလိုက်တယ်။ စစ်ပွဲရဲ့အကျိုးဆက်ကို ဂရုမစိုက်ဘူး။ လက်ရှိအခြေအနေက မူလဇာတ်ကြောင်းကို လိုက်နာနေဖို့သာ အရေးကြီးတယ်။

“နားလည်ပါပြီ..”

ရန်ယူရာက ဟွမ်ထျန်ရဲ့အမိန့်အပေါ် သံသယဝင်ခြင်း၊ ကန့်ကွက်ခြင်း အလျင်းမရှိဘဲ အရိုအသေပေးပြီး တာဝန်အတိုင်း လုပ်ဆောင်ရန် လှည့်ပြန်သွားတယ်။

“………….”

ရန်ယူရာကိုတွေ့တာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ သူမကိုမြင်လိုက်တိုင်း အတွေးအမြင်သစ်တွေ ဖြစ်စေတယ်။ ဟွမ်ထျန်ရဲ့ မိစ္ဆာမျိုးနွယ်အပေါ် လွှမ်းမိုးနိုင်မှုက ဒီလောက်ကြီးမားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ မိစ္ဆာနယ်မြေထဲက တခြားလူတွေမပြောနဲ့၊ ဇာတ်လိုက်မ ရန်ယူရာတောင် ဟွမ်ထျန်ရဲ့ညှို့ဓာတ်အောက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ ဥပမာ အခုလိုပေါ့။ ဟွမ်ထျန်ရဲ့အမိန့်က တော်တော်လေး အကျိုးအကြောင်း မသင့်လျော်တာတောင် ရန်ယူရာကြည့်ရတာ သတိထားမိပုံမပေါ်ဘူး။ ဟွမ်ထျန်ရဲ့စကားကို အမြင့်မြတ်ဆုံး အမိန့်တစ်ခုလို သတ်မှတ်ထားပြီး လုပ်ဆောင်ဖို့ပဲ စိတ်ထဲရှိနေတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now