165

4.5K 844 15
                                    

Unicode

“မင်းရဲ့အချစ်လေး ရောက်လာတော့မှာလေ.. ဘာလို့ မျက်နှာကြီးမဲ့ရှုံ့နေရတာလဲ..?”

ဟွမ်ထျန်က ဂနာမငြိမ်ဖြစ်နေတဲ့ ရွှယ်ယို့ရှန်းကို စနောက်လိုက်တယ်။

အခုလေးတင် သူ့ရဲ့လူတစ်ချို့က သတင်းပို့လာတယ်လေ၊ ရင်းဆုယဲ့က တပ်ဖွဲ့တစ်ခုကိုဦး​ဆောင်ပြီး ပင်မနန်းဆောင်ကို ရောက်လာတော့မယ်တဲ့။

ဒီအချိန်ကို စောင့်နေခဲ့တာ..!

မူလဇာတ်ကြောင်းနဲ့ နီးစပ်အောင် လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့သာ အချိန်ကြာသွားခဲ့ရတာ..!

အခုတော့ ရွှယ်ယို့ရှန်း ကူညီချင်သည်ဖြစ်စေ၊ မကူညီချင်သည်ဖြစ်စေ၊ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးအောင် ဖိအားပေးရတော့မယ်။ ဒါပေမဲ့ ရင်းဆုယဲ့ ရောက်မလာခင်တော့ ရွှယ်ယို့ရှန်းကို စနောက်နေဦးမှာပဲ..! ဒီကောင်လေးက ‘ရင်းဆုယဲ့ ရောက်လာပြီ’လို့ ကြားလိုက်တာနဲ့ မျက်လုံးပြူးမျက်ဆန်းပြူး ဖြစ်နေတာကိုး..!

“ခင်ဗျားနဲ့မဆိုင်ဘူး..!”

ဒီလိုအချိန်မျိုးမှာ ဘယ်အရူးကောင်က ပျော်နိုင်ပါဦးမလဲ..!

‘ရဲ့ဝူဟွားနဲ့ ပြန်တွေ့ချင်ပါတယ်’လို့ ဟွမ်ထျန်ပြောပြီးကတည်းက ရွှယ်ယို့ရှန်းလည်း ဟွမ်ထျန်နဲ့ စကားသိပ်မပြောဖြစ်တော့ဘူး။ ဟွမ်ထျန်က စစ်ပွဲကို လုံးဝဂရုမစိုက်ဘူး။ မိစ္ဆာနယ်မြေထဲ ခိုးဝင်လာတဲ့ ရင်းဆုယဲ့နဲ့ ဟွမ်ပေ့ချန်အပေါ်မှာပဲ အာရုံစိုက်နေခဲ့တယ်။

ရွှယ်ယို့ရှန်းခမျာလည်း ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပေမယ့် ရင်းဆုယဲ့ရဲ့အခြေအနေကို သိချင်နေတုန်းပဲ။ ရင်းဆုယဲ့နဲ့ပက်သက်တဲ့ သတင်းတွေကြားလိုက်တိုင်း နားရွက်လေးထောင်ပြီး ဂရုတစိုက် နားထောင်နေတတ်တယ်။ ရင်းဆုယဲ့ကို တွေ့ချင်ပေမယ့် တွေ့ရမှာကိုလည်း စိုးထိတ်နေမိတယ်။ ရင်းဆုယဲ့ရဲ့ တပ်ဖွဲ့သေးသေးလေး ဒီနန်းတော်ထဲအထိ ထိုးဖောက်ဝင်ရောက်လာနိုင်တယ်ဆိုတာ ဟွမ်ထျန်က သူတို့ကို တွေ့ချင်နေလို့ပဲ။ ပြောရရင် ရင်းဆုယဲ့ သူ့ခြေထောက်နဲ့သူ ရောက်လာမှာကို စောင့်မျှော်နေတဲ့ ထောင်ချောက်တစ်ခုပဲ။ အဲ့တော့ ရင်းဆုယဲ့တို့အဖွဲ့ နီးကပ်လာတာနဲ့အမျှ ရွှယ်ယို့ရှန်းရဲ့နှလုံးသားလည်း လေးလံလာခဲ့ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now