167

4.2K 852 11
                                    

Unicode

ရွှယ်ယို့ရှန်းက အတွေးလမ်းကြောင်း ပြန်တည့်လိုက်ပြီး ‘မှော်နဲ့ဓားနယ်မြေ’ကို ဘယ်လိုပြန်ရမလဲဆိုတာကို အလေးအနက်ထား စဉ်းစားကြည့်လိုက်တယ်။

ထိုကမ္ဘာကို ဝိဉာဉ်ကူးပြောင်းသွားတာက ဟွမ်ထျန်ကြောင့်ဖြစ်သလို ပြန်ရောက်လာခဲ့တာလည်း ဟွမ်ထျန်ကြောင့်ပဲ။ ထို့ကြောင့် ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ဟွမ်ထျန် အတော်လေး သိထားမှာသေချာတယ်။ ရွှယ်ယို့ရှန်းလည်း ဟွမ်ထျန် ပြောပြခဲ့ဖူးတဲ့ ဝိဉာဉ်ကူးပြောင်းခြင်းရဲ့ သော့ချက်ကို ရုတ်တရက် သတိရလိုက်တယ်။

ဟွမ်ထျန်က ဟွမ်ပေ့ချန်ကို သတ်လိုက်တော့ မူလဇာတ်ကြောင်း ပျက်စီးသွားရပြီး ‘မှော်နဲ့ဓားနယ်မြေ’လောကကို ပျက်သုန်းစေခဲ့တယ်။ အဲ့တာကြောင့် သူ့ရဲ့ဝိဉာဉ်ကူးပြောင်းသွားခဲ့ရတာပဲ..!

ဖန်ဆင်းရှင်နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရတဲ့သူက မူလဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်ရလိမ့်မယ်။ အဲ့တာဆို ကမ္ဘာမြေပေါ် ပြန်ရောက်လာရတာလည်း သွေဖယ်နေတဲ့ မူလဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်နိုင်ခဲ့လို့ ဖြစ်ရမယ်။ ပြီးတာနဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို အလုပ်ပြီးပြီဆိုပြီး ကန်ထုတ်လိုက်တာပေါ့။

တစ်ခုတော့ ခန့်မှန်းမိပြီ။ သူ့ရဲ့ဝိဉာဉ်ကူးပြောင်းခြင်းက ‘မှော်နဲ့ဓားနယ်မြေ’ရဲ့ ဇာတ်ကြောင်းနဲ့ သူ့ရဲ့ဝတ္ထုဖြစ်တဲ့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဇာတ်ကြောင်း ကွာခြားချက်ကြောင့် ဖြစ်နိုင်တယ်..!

အဲ့တာဆို ပြန်ပြီးတော့ ဝိဉာဉ်ကူးပြောင်းချင်ရင် လက်တွေ့ကမ္ဘာနဲ့ မတူညီတဲ့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> တခြား Version တစ်ခုကို ဖန်တီးရမှာပေါ့..?

ဒါပေမဲ့ အခု ကမ္ဘာမြေပေါ် ပြန်ရောက်နေတာဆိုတော့ ‘မှော်နဲ့ဓားနယ်မြေ’က လူတွေနဲ့ ဆက်သွယ်လို့မရဘူး။ အဲ့ဘက်က အခြေအနေကိုမသိပဲ ဇာတ်ကြောင်းမတူအောင် ဘယ်လိုဖန်တီးရမလဲ..? လောလောဆယ် ဒီကိစ္စက အခက်ခဲဆုံးပဲ..!

Computer Screen ပေါ်က ဝတ္ထုဇာတ်ကြောင်းကိုကြည့်ရင်း ရွှယ်ယို့ရှန်းက ဟွမ်ထျန် ပြောခဲ့ဖူးတဲ့ စကားတချို့ကို သတိရသွားတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now