168 - Unicode

4.7K 843 16
                                    

ရွှယ်ယို့ရှန်းတစ်ယောက် အသည်းအသန် စာရိုက်တော့တယ်။ ဟွမ်ထျန်က ဟွမ်ပေ့ချန်ကို စိတ်ညှို့ကာ ရင်းဆုယဲ့ကို အလစ်တိုက်ခိုက်စေခဲ့ပြီး ရွှယ်ယို့ရှန်းကို ကမ္ဘာမြေပေါ် အတင်းပြန်ပို့ခဲ့ကြောင်း၊ ဇာတ်ကြောင်းရပ်နေတဲ့ နေရာကနေ ဆက်ရေးလိုက်တယ်။ ဒီတစ်ခေါက်တော့ ရွှယ်ယို့ရှန်းက ဇာတ်လမ်းဇာတ်ကွက်တွေကို အသေးစိတ် ရေးသားချင်ခဲ့တယ်။ ဝိဉာဉ်ကူးပြောင်းသွားတုန်းက အတွေ့အကြုံတွေကြောင့် အကြမ်းရေးထားတဲ့ ဇာတ်ကွက်တွေက 'မှော်နဲ့ဓားနယ်မြေ' ကမ္ဘာအစစ်မှာ သိပ်အဆင်မပြေကြောင်း သိလိုက်ရတာကြောင့်ပဲ။

ပုံမှန်အားဖြင့် ရွှယ်ယို့ရှန်းက စာရေးရင် အကြမ်းရေးထားတဲ့အတိုင်း အကုန်ချမရေးတတ်ဘူး။ တစ်ခါတလေ စာကြမ်းကို ဇာတ်လမ်းနဲ့သင့်လျော်အောင် ပြောင်းပစ်တတ်တယ်။ 'အကြမ်း'ဆိုတဲ့အတိုင်း လိုရင်းတိုရှင်းရေးထားတဲ့ စကားလုံးတွေက အစစ်အမှန်ကမ္ဘာမှာ ပြောင်းလဲမှုတွေအများကြီး ရှိလာနိုင်လို့ပဲ။ ထို့ကြောင့် ရွှယ်ယို့ရှန်းလည်း မလိုလားအပ်တဲ့ ပြဿနာတွေကို လျော့ချနိုင်အောင် အချိန်ပေးပြီး အသေးစိတ်ဆက်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။

'ဆပ်ပြာမြှုပ်နိုင်တဲ့ မုတ်ဆိတ်က ရှရာနည်းတယ်' မဟုတ်ပါလား..!

(TN : ဆပ်ပြာမြှုပ်ဆိုတာ Shaving Foam ကို ဆိုလိုတာပါ။ 'ဆပ်ပြာမြှုပ်နိုင်တဲ့ မုတ်ဆိတ်က ရှရာနည်းတယ်' ဆိုတာ အလုပ်တစ်ခုကို နည်းလမ်းမှန်မှန်နဲ့ ဂရုတစိုက်လုပ်ရင် အမှားနည်းတယ်လို့ ဆိုလိုတာပါ။)

ဒါပေမဲ့ ကျန်တဲ့ဇာတ်လမ်းကို သူ့ရဲ့ POV ကနေ ရေးလို့မရဘူး။ ရင်းဆုယဲ့ရဲ့ POV ကနေ ရေးချင်ပေမယ့် ဟွမ်ပေ့ချန်က အဓိကဇာတ်လိုက် ဖြစ်နေတာကြောင့် ရွှယ်ယို့ရှန်းလည်း ဟွမ်ပေ့ချန်ရဲ့ POV ကနေသာ ဆက်ရေးခဲ့ရတယ်။

ရွှယ်ယို့ရှန်းက Supermarket ကို အပြေးသွားပြီး အသင့်စားခေါက်ဆွဲခြောက်တွေ၊ အဆာပြေမုန့်တွေနဲ့ သောက်စရာတချို့ ဝယ်လိုက်တယ်။ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> ဝတ္ထုကို အပြီးသတ်မရေးနိုင်သရွေ့ အခန်းထဲက မထွက်ဘူးလို့ ဆုံးဖြတ်ချက်ချထားတာကြောင့်ပဲ။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now