169 - End

7.4K 1.1K 82
                                    

Unicode

မျက်လုံးဖွင့်လိုက်ချိန် သလင်းကျောက်ခေါင်းတလားထဲမှာပဲ ထပ်မံလဲလျောင်းနေပြန်တယ်။ ရွှယ်ယို့ရှန်းမှာ ပြန်လည်ကူးပြောင်းလာတဲ့အတွက် မပျော်ရွှင်ရသေးခင် သူ့ရဲ့မျက်နှာပေါ်မှာ အမည်းကြောင်းတွေ အရင်ဆုံး ပေါ်ထွက်လာခဲ့​တယ်။ (=_=lll)

ဝိဉာဉ်ကူးပြောင်းတဲ့ နည်းလမ်းအပြင် ရောက်လာတဲ့နေရာပါ တစ်ထပ်တည်း တူနေပြန်တာလား..! ဘယ်အထိ တူနေဦးမှာလဲဟေ့..?!

ဒါနဲ့ အခုရောက်နေတာ ဘယ်အချိန်ကာလပါလိမ့်..? ရင်းဆုယဲ့နဲ့ ပထမဆုံး စတွေ့တဲ့အချိန်ကို ပြန်ရောက်နေတာလို့တော့ လာမပြောနဲ့နော်.. တကယ်ကြီး ထိုင်ငိုမိလိမ့်မယ်..!

အဆိုးဆုံးတွေ တွေးလို့မဆုံးခင်မှာပဲ ပုံရိပ်လေးတစ်ခုက သူ့ရဲ့ရှေ့မှာ ပေါ်ထွက်လာခဲ့လေတယ်။ အမည်းရောင်အရိပ်က သူ့ရဲ့မြင်ကွင်းကို ရုတ်တရက် ဖုံးလွှမ်းသွားပြီး တစ်ကိုယ်လုံးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာခဲ့တယ်။ ရင်းနှီးကျွမ်းဝင်နေတဲ့ အငွေ့အသက်လေးကို ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းလည်း ပြန်လည်ပွေ့ဖက်လိုက်တယ်။

"ရှောင်ယဲ့ယဲ့.. ကျွန်တော် ပြန်ရောက်လာပြီ..!"

ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်လျှံလျက်၊ မျက်လုံးပိတ်လုနီးပါး ပြုံးရယ်နေခဲ့တယ်။

သူစိမ်းပြင်ပြင်မဟုတ်ပဲ အတူကုန်ဆုံးဖူးတဲ့ အမှတ်တရတွေနဲ့ မှတ်ဉာဏ်တွေ ရှိနေသေးတဲ့ ရင်းဆုယဲ့ကို ပြန်တွေ့ရတာ ကောင်းလိုက်တာ..!

ရင်းဆုယဲ့နဲ့ နောက်တစ်ကြိမ် ပြန်လည်သိကျွမ်းရမှာကို ကြောက်နေတာမဟုတ်ဘူး။ ပြန်တွေ့ရမယ့် ရင်းဆုယဲ့က သူနဲ့သိကျွမ်းခဲ့ဖူးတဲ့ ရင်းဆုယဲ့မဟုတ်မှာကို ကြောက်နေခဲ့မိတာ။ အရင်တစ်ခေါက်လို သလင်းကျောက်ခေါင်းတလားထဲ ပြန်နိုးလာတော့ သူ့ရဲ့စိတ်ထဲ ဘယ်လောက်တောင် ကြောက်လန့်ခဲ့ရသလဲ၊ ဘယ်လောက်‌တောင် စိုးရိမ်သောကများခဲ့ရလဲဆိုတာ သူတစ်ယောက်ပဲသိမယ်။ ရင်းနှီးနေတဲ့ အငွေ့အသက်လေးကို ခံစားမိတော့မှ သူ့ရဲ့စိတ်တွေ အေးချမ်းသွားရတော့တယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now