171 - Second Ending part 2

4.4K 818 5
                                    

Unicode

“ရှောင်ယို့..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့တယ်။

သူ့ရင်ခွင်ထဲက သေလုမျောပါးဖြစ်နေတဲ့ ကောင်ငယ်လေးကိုကြည့်ရင်း ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေနဲ့ ရင်နာလာရတယ်။

သူသာ စောစောရောက်ခဲ့ရင်၊ နောက်မကျခဲ့ရင်၊ သူ့ရဲ့ကောင်ငယ်လေး ဒီလောက်အထိ ခံစားရမှာမဟုတ်ဘူး..!

သူက ရွှယ်ယို့ရှန်းရဲ့ဒဏ်ရာကို အရင်ဆုံးကုသပေးဖို့လည်း မမေ့ခဲ့ဘူး။

ရင်းဆုယဲ့က လက်အသာမြှောက်လိုက်တယ်။ သူ့ရဲ့လက်ဖဝါးပေါ်မှာ အလင်းတန်းတစ်ခု လျင်မြန်စွာ ဖြစ်တည်လာပြီး အလင်းရောင်ဖျော့ဖျော့ ဖြာထွက်လာခဲ့တယ်။

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ ဒဏ်ရာကို အသာပွတ်သပ်လိုက်တယ်။ ခွဲစိတ်ဒဏ်ရာက ချက်ချင်းဆိုသလို ပျောက်ကင်းသွားပြီး နဂိုဖြူဖျော့နေတဲ့ မျက်နှာလေးက သွေးရောင်လွှမ်းလာခဲ့လေတယ်။ ခန္ဓာကိုယ်ပေါ်မှာသာ သွေးစွန်းကွက်တွေ မကျန်ရစ်ခဲ့ရင် အစောပိုင်းက သေလုမျောပါးဖြစ်နေတဲ့ လူနာဆိုတာ ဘယ်သူမှ ယုံကြည်နိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ ရင်းဆုယဲ့က မှော်အစွမ်းသုံးပြီးတာတောင် စိတ်မချနိုင်သေးဘဲ ဒဏ်ရာပျောက်ဆေးတွေ၊ အားဆေးတွေထုတ်ကာ ရွှယ်ယို့ရှန်းကို ခွံ့ကျွေးချင်နေပြန်တယ်။

“ရပြီ.. ကျွန်တော် သက်သာသွားပြီ.. ဆေးသောက်စရာမလိုတော့ဘူး..!”

ရွှယ်ယို့ရှန်းလည်း သူ့ရဲ့ပါးစပ်ထဲ ဆေးလုံးတွေ ပစ်ထည့်တော့မယ့် ရင်းဆုယဲ့ကို ကပျာကယာ တားဆီးရတော့တယ်။

ဒီလောက်များတဲ့ဆေးတွေသာ ပါးစပ်ထဲရောက်လာရင် နင်ပြီးသေရင်သေ၊ မသေရင် ဆေးလွန်ပြီးသေတော့မှာပဲ..!

ထိုမြင်ကွင်းကို မြင်ယောင်လာရင်း ရွှယ်ယို့ရှန်းလည်း အသည်းအသန် ငြင်းဆန်တော့တယ်။

ဒီလောက် ကသိကအောက်နိုင်တာ ရှိသေးရဲ့လား..!

ပြီးတော့ သူ့ရဲ့ဒဏ်ရာက ရင်းဆုယဲ့ရဲ့ မှော်အစွမ်းကြောင့် ပျောက်သွားပြီလေ။ ဆေးသောက်တာက ဖြုန်းတီးနေသလိုပဲ..! ‘အလဟဿဖြုန်းတီးခြင်းဟာ ရှက်စရာသော အပြုအမူဖြစ်၏’တဲ့။ အဲ့တာကြောင့် သူ့ကို ဆေးတိုက်နေမယ့်အစား လိုအပ်နေတဲ့နေရာမှ အသုံးချလိုက်တာက ပိုပြီးကောင်းတယ်။ ဥပမာ နေမကောင်းတဲ့ သူ့အစ်ကိုကို ပေးလိုက်တာမျိုး၊ ဒါမှမဟုတ် တခြားလိုအပ်နေတဲ့ လူတွေကိုပေါ့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now