172 - Second Ending Part 3

4.8K 845 20
                                    

Unicode

“ကမ္ဘာမြေပေါ်ကို ဘယ်လိုရောက်လာတာလဲ..?”

ခွဲစိတ်ခန်းထဲက ဆရာဝန်တွေနဲ့ သူနာပြုတွေ အသတ်မခံရတာ သေချာသွားတော့မှ ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ရဲ့ အခြေအနေကို စတင်မေးမြန်းတော့တယ်။

ဒီတစ်ခေါက် သူ့မိသားစုဝင်လေး ရှောင်ယဲ့ယဲ့ကို အရင်ဆုံး စိတ်မပူလို့ သူ့ကို အပြစ်မတင်နဲ့နော်။ ရှောင်ယဲ့ယဲ့က သူသေခါနီးအချိန်မှာ ရောက်လာတာကိုး။ ကာကွယ်ပေးချင်ရင်တောင် သူ့မှာ မလှုပ်နိုင်ခဲ့ဘူး။ ပြီးတော့ ရှောင်ယဲ့ယဲ့က အရမ်းတွေ စိုးမိုးခြယ်လှယ်နေပြီး သူ့ကို စိုးရိမ်ခွင့်လေးတောင် မပေးခဲ့ဘူးလေ။ မပြောမဆိုနဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေဆီကို ဖိအားအရှိန်အဝါတွေ ထုတ်လွှတ်လိုက်တော့ သူ့မှာ အာရုံပြောင်းသွားရပြန်တယ်။ အဲ့တာကြောင့် အခုမှပဲ ရှောင်ယဲ့ယဲ့ကို မေးမြန်းနိုင်တော့တယ်။ သူ့အတွက်လည်း မလွယ်ကူခဲ့ပါဘူး။ သူ့ကိုယ်သူ စိုးရိမ်ဖို့တောင် အချိန်မရှိခဲ့ဘူး။

“ဟွမ်ပေ့ချန်ကို သတ်လိုက်တာ..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို မမှိတ်မသုန် ငေးမောကြည့်နေလေတယ်။

ကောင်လေး ပျောက်သွားပြီးနောက်မှာ နေရာအနှံ့ လိုက်ရှာခဲ့သေးတယ်။ ဒါပေမဲ့ ကောင်လေးကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။ အဲ့တာကြောင့် သူလည်း ကောင်လေးအကြောင်း ပိုသိရအောင် ရန်သူတော်ဖြစ်တဲ့ ဟွမ်ထျန်နဲ့ ပူးပေါင်းလိုက်ရတယ်။ တကယ်လည်း ဟွမ်ထျန်က သူ,မသိထားတဲ့ ကိစ္စတော်တော်များများကို သိထားတယ်။ အဲ့အချိန်တုန်းက ဟွမ်ထျန် တော်တော်လေး သဘောကောင်းနေသလိုပဲ။ သူ့ကို ကောင်လေးကိုရှာနိုင်တဲ့ နည်းလမ်းတောင် ပြောပြလိုက်သေးတယ်။

နည်းလမ်းက နည်းနည်းတော့ ပြင်းထန်တယ်။ အဲ့တာက ကံကြမ္မာရဲ့သားတော် ဟွမ်ပေ့ချန်ကို သတ်ဖြစ်လိုက်ဖို့ပဲ။ အကျိုးဆက်ကတော့ သူတို့နေထိုင်ရာ ကမ္ဘာလောကကြီးကို ပျက်စီးသွားစေလိမ့်မယ်။ အဲ့အချိန်ရောက်ရင် သူက ပျက်စီးခြင်းစွမ်းအင်ကို အသုံးပြုပြီး တခြားကမ္ဘာကို ကူပြောင်းနိုင်တဲ့ လမ်းကြောင့်တစ်ခု ဖွင့်လိုက်ရုံပေါ့။ ကံကောင်းရင် ကောင်လေးနေထိုင်တဲ့ ကမ္ဘာလောကကို အရောက်သွားနိုင်လိမ့်မယ်။ သူတို့နှစ်ဦး ပူပန်ကြောင့်ကြခြင်းမရှိပဲ အတူတူနေသွားနိုင်လိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now