173 - လွေ့ရွယ် POV 1

3.7K 560 6
                                    

Unicode

လွေ့ရွယ်က သူ့ကိုယ်သူ အမျှော်အမြင်အရှိဆုံး ကြောင်တစ်ကောင်လို့ ထင်မြင်နေလေရဲ့။

ဘာလို့လဲဆိုတော့ ကိုယ်ပိုင်အင်အားနဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို သခင်တော်နိုင်ခဲ့တယ်လေ။ ဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်သလဲ..!

သိသာစွာပဲ တစ်စုံတစ်ယောက်ကတော့ အစောပိုင်းမှာ ဖိအားပေးခံရတာကြောင့် ရွှယ်ယို့ရှန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ရတယ်ဆိုတာကို အပျော်လွန်ပြီး မေ့လျော့သွားခဲ့ပြီ။ အခုချိန်မှာ သူသိတာက သူ့ရဲ့ ‘ကြောင်ဘဝ’လေး သာယာဖြောင့်ဖြူးပြီဆိုတာပဲ။ မကျေနပ်စရာဆိုလို့ သူ့ဘေးနားမှာ အမြဲတမ်း တဝဲလည်လည်လုပ်နေတဲ့ ရုပ်ဆိုးဆိုးခွေးမဲကြီးပဲ ရှိ​တော့တယ်။

မျက်စိစူးတယ်..!

လွေ့ရွှယ်က မော့ကြည့်လိုက်တယ်။ မိုချီကလည်း လွေ့ရွယ်ရဲ့အတွေးကို ရိပ်မိနေသလို အစွယ်ထုတ်ပြလာခဲ့တယ်။ ဒါပေမဲ့ လွေ့ရွယ်က အဖက်မလုပ်ဘဲ မျက်နှာလွှဲလိုက်တယ်။ ပြီးနောက် ခွေးမဲကြီးနဲ့ အချိန်ဖြုန်းမနေဘဲ နှလုံးသားကြီးမြတ်တဲ့ ကြောင်တစ်ကောင်လို ကော့ပတ်ကော့ပတ်နဲ့ ထွက်သွားတော့တယ်။

ကီရင် (ချီလင်) ဆိုတာ ခွေးမဟုတ်ပေမယ့် လွေ့ရွယ်ရဲ့ မျက်လုံးထဲမှာတော့ မိုချီရဲ့ပုံပန်းသွင်ပြင်က ခွေးတစ်ကောင်နဲ့ အတော်လေး ဆင်တူနေသောကြောင့် ခွေးလို့သာ မှတ်ယူထားတော့တယ်။ ထို့ကြောင့် ခွေးတွေကို အရမ်းမုန်းတီးတဲ့ ကြောင်မျိုးနွယ်အနေဖြင့် လွေ့ရွယ်လည်း မိုချီကို ကြည့်မရဘူး။

မိုချီ မကျေနပ်လည်း မတတ်နိုင်ဘူး။ လက်သည်းနဲ့ ကုတ်ပစ်လိုက်မှာ..! သူ့ရဲ့နောက်ခံက ဘယ်သူမှမယှဉ်နိုင်အောင် အင်အားကြီးတယ်လေ..! အဆင့်သတ်မှတ်ချက်အရဆိုရင် သခင်ရဲ့ပထမဆုံးသားရဲအနေနဲ့ သူ့ရဲ့အဆင့်က မြင့်မားတယ်။ အဲ့တော့ သွေးတစ်ဝက်ပဲ သက်ဆိုင်တဲ့ မိုချီလို ဝိဉာဉ်သားရဲက သူ့ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ..!

(TN : မိုချီမှာ သခင်နှစ်ယောက်ရှိတဲ့အတွက် သွေးတစ်ဝက်ပဲ သက်ဆိုင်တယ်လို့ ဆိုလိုတာပါ။ လွေ့ရွယ်ကတော့ ရွှယ်ယို့ရှန်းနဲ့ အပြည့်အဝ သက်ဆိုင်တယ်ပေါ့။)

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now