174 - လွေ့ရွယ် POV 2

2.8K 542 16
                                    

Unicode

ထို့နောက်မှာတော့ လွေ့ရွယ်ဟာ ထိုပြဿနာကို မေ့လျော့သွားပြီး‌ ချောင်တစ်ချောင်မှာ သွားခွေနေတော့တယ်။

ဘယ်ငါးခြောက်စားရင်ကောင်းမလဲ စဉ်းစားတာမှ ပိုကောင်းဦးမယ်..!

လူဆိုးကောင်ကြီးက သူ့ကိုဆန့်ကျင်တဲ့လူမှန်သမျှ သတ်ပစ်နေတာပဲလေ။ ဒီနည်းလမ်းက အရမ်းရက်စက်ပေမယ့် အကျိုးသက်ရောက်မှုကတော့ ရှယ်ပဲ။ အဲ့ကိစ္စတွေ ဖြစ်ပျက်ပြီးနောက်မှာ လူသားမျိုးနွယ်တစ်ခုလုံး တုတ်တုတ်မလှုပ်ရဲအောင် ငြိမ်ဝပ်ပိပြားသွားတော့တယ်။ လူဆိုးကောင်ကြီးကို သေမလောက် ကြောက်နေမှတော့ ဘယ်လိုလုပ် ရန်စရဲတော့မှာလဲ..?

လူတစ်ယောက်မှာ အသက်တစ်ခုပဲရှိတာ၊ ဘယ်သူမှ ပိုမပါဘူးလေ။ အဲ့တော့ လူသားတွေလည်း သူတို့ရဲ့အသက်ကို စတေးပြီး လူဆိုးကောင်ကြီးကို ဆန့်ကျင်ရဲတဲ့အထိ သတ္တိမရှိကြတော့ဘူး။ အဲ့တာကြောင့်လည်း လူဆိုးကောင်ကြီးက ‘ဩဇာအာဏာ’ဆိုတဲ့ စကားလုံးကို အလုပ်နဲ့သက်သေပြလိုက်တာပေါ့..! နောက်တော့ လူဆိုးကြီးက လူသားတွေကို စစ်တိုက်ထွက်ဖို့ ပြင်ဆင်ခိုင်းတယ်။ ဒါပေမဲ့ အမိန့်ချမှတ်ပြီးတာနဲ့ သူရယ်၊ ဟွမ်ပေ့ချန်ဆိုတဲ့လူရယ်ကိုခေါ်ပြီး တော်ဝင်မြို့တော်ကနေ ထွက်လာခဲ့ပြန်တယ်။

သူတို့တွေပြောတာတော့ စွမ်းအားမြှင့်တင်ဖို့တဲ့။ တကယ်လည်း စွမ်းအားမြှင့်တင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ သုံးတဲ့နည်းလမ်းကြီးက လူသားမဆန်ဘူး။ ရတနာတွေရှာပြီး စွမ်းအားမြှင့်တင်ချင်ကြသတဲ့။ အဲ့တာကြောင့်လည်း လူဆိုးကောင်ကြီးက ရတနာရှာတဲ့နေရာမှာ အတော်ဆုံးဖြစ်တဲ့ ဒီကြောင်လေးကို ခေါ်လာတာပဲဖြစ်ရမယ်။

ရတနာရှာတဲ့နေရာမှာ သူ့ကို ဘယ်သူမှမယှဉ်နိုင်ဘူးလေ..!

ဒီလိုဆိုတော့လည်း လွေ့ရွယ်က လူဆိုးကောင်ကြီးအတွက် အရေးပါနေသေးတာပဲ..!

ရတနာပစ္စည်းတွေက စွမ်းအားတိုးစေပေမယ့် စွမ်းအင်မတည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ်။ ဒါပေမဲ့ လူဆိုးကောင်ကြီးနဲ့ ဟွမ်ပေ့ချန်ကတော့ စိုးရိမ်ပုံမပေါ်ဘူး။ သူတို့တောင် မစိုးရိမ်မှတော့ ဒီကြောင်လေးကလည်း သူတို့အတွက် စိုးရိမ်မနေတော့ဘူးလေ။ လွေ့ရွယ်က သခင့်အတွက်ပဲ စိုးရိမ်ပေးရမှာ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now