175 - လွေ့ရွယ် POV 3

3K 544 29
                                    

Unicode

လွေ့ရွယ်က အတိတ်အကြောင်းတွေ ပြန်တွေးရင်း နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ နေပူဆာလှုံနေခဲ့တယ်။

လူဆိုးကြီးနဲ့ ဟွမ်ပေ့ချန်က ရတနာတွေရှာပြီးတာနဲ့ တော်ဝင်မြို့တော်ကို အမြန်ပြန်ပြီး စွမ်းအားမြှင့်တင်ခဲ့တယ်။ အဲ့နောက်မှာတော့ သူ့သခင်ကို သွားကယ်ဖို့ မိစ္ဆာနယ်မြေထဲ ဘယ်လိုဖောက်ဝင်ကြမလဲဆိုတာ အစီအစဉ်ဆွဲကြတယ်။ ဒါပေမဲ့ သူတို့တောင် ဘာမှမပြင်ဆင်ရသေးဘူး မိစ္ဆာနယ်မြေက စစ်ပွဲအရင်စလာရော။ အဲ့တော့ လူဆိုးကြီးနဲ့ ဟွမ်ပေ့ချန်လည်း လူသားတွေကို ဦးဆောင်ပြီး ချက်ချင်း ပြန်တိုက်ခိုက်ကြတာပေါ့။ လူသားတွေနဲ့ မိစ္ဆာမျိုးနွယ်ကြား စစ်ပွဲစတင်လာပုံက ရုတ်တရက်ဆန်လွန်းပါတယ်။

ဘာပဲပြောပြော လူဆိုးကြီးက သူ့ကို စစ်တိုက်ခွင့်မပေးတာကိုတော့ လွေ့ရွယ် လုံးဝမကျေနပ်ဘူး။ အကြောင်းပြချက်က စွမ်းအားနိမ့်လို့တဲ့။ လွေ့ရွယ်သာ စစ်ဝင်တိုက်ရင် အကူအညီဖြစ်မှာထက် ‘သူတို့ခြေလှမ်းကို နောက်ဆွဲထားသလို’ ဖြစ်နေမှာတဲ့လေ။ ဒီလိုအခြေအမြစ်မရှိတဲ့ ဝေဖန်မှုမျိုးကို လွေ့ရွယ်တို့က လုံးဝမကျေနပ်ပါဘူးနော်။ လွေ့ရွယ်က သားရဲတစ်ကောင်လေ၊ သာမာန်လူသားတွေထက်တော့ ပိုပြီးအင်အားကြီးတာပဲ၊ ဟုတ်တယ်ဟုတ်..?! အဲ့တာကို လူဆိုးကောင်ကြီးက ဒီလိုမျိုး အထင်သေးစရာလား..?

သခင့်ရဲ့ ပထမဦးဆုံး ချစ်စဖွယ်သားရဲလေးအနေနဲ့ သူက တိုက်ခိုက်တတ်တယ်။ ချစ်ဖို့ကောင်းအောင် ပြုမူတတ်သလို ရတနာတွေလည်း ရှာဖွေတတ်တယ်..! ဒီလောက်တော်တာ ဘယ်လိုလုပ် စွမ်းအားနိမ့်ရမှာလဲ..? သူ့လောက် အသုံးဝင်တဲ့ကြောင်လေး ရှိသေးရဲ့လား..?

သူ့ရဲ့အားသာချက်တွေအားလုံးက ဟိုလူဆိုးကြီးရဲ့မျက်လုံးထဲ ဘာမှမဟုတ်တာ နှမြောစရာပဲ..! ဒီကြောင်လေးက ကြောင်အခွင့်အရေးအကြောင်းပြောဖို့ အရမ်းသေးလွန်းနေတော့လည်း မတတ်နိုင်ဘူးပေါ့..!

ဟူး..!

ကြောင်လေးအတွက် ဒီထက်ဝမ်းနည်းစရာကောင်းတာ မရှိတော့ဘူး..!

ဒီလိုနဲ့ လူဆိုးကောင်ကြီးရဲ့ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေအောက်မှာ လွေ့ရွယ်လည်း တော်ဝင်မြို့တော်မှာပဲ လိမ်လိမ်မာမာနဲ့ ကျန်ရစ်ခဲ့ရတော့တယ်။ စစ်ပွဲသတင်းကို အစဉ်မပြတ် နားစွင့်နေရင်း လူဆိုးကြီး သူ့သခင်ကို ကယ်တင်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့ရတယ်။ အဲ့တာမှ သူ့ရဲ့ဘဝလေးလည်း နောက်ခံကြီးကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာပေါ့..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now