176 Extra

4K 590 2
                                    

Unicode

“ရှောင်ယဲ့ယဲ့ရေ.. ကျွန်တော်တို့ တော်ဝင်မြို့တော်ကို ပြန်ကြမှာလား..?”

ရွှယ်ယို့ရှန်း အိပ်ရာနိုးလာတဲ့အချိန် ရင်းဆုယဲ့က သူ့ကိုပွေ့ချီပြီး မြူနှင်းတောအုပ်ထဲ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်။ ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ကို အခမဲ့ပို့ဆောင်ယာဉ်လို သဘောထားပြီး ရင်ခွင်ထဲ ပျော်မွေ့နေတော့တယ်။ လမ်းကိုအာရုံစိုက်နေတဲ့ ရင်းဆုယဲ့နဲ့ယှဉ်ရင် ရွှယ်ယို့ရှန်းက ပိုပြီးအတွေးလွန်နေခဲ့တယ်။

ရင်းဆုယဲ့ အိမ်ပြန်မယ်လို့ ပြောတုန်းက သူလည်း သိပ်မတွေးခဲ့မိဘူး။ နောက်မှ သတိရလိုက်တယ်၊ အခုဆို သူက ဒီကမ္ဘာကြီးအတွက် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ လူသစ်တစ်ယောက် ဖြစ်နေပြီလေ။ အိမ်ပြန်မယ်ဆို ရင်းဆုယဲ့နောက်ကိုပဲ လိုက်သွားရတော့မှာ။ ဒီလိုဆိုတော့ သူတို့အတွက် ‘အိမ်’ဆိုတာ တော်ဝင်မြို့တော်ပဲပေါ့။

သူထွက်သွားတုန်းက လူသားတွေနဲ့ မိစ္ဆာမျိုးနွယ်တွေ စစ်ဖြစ်နေတာဆိုတော့ အခုချိန်မှာ စစ်ပွဲရပ်စဲသွားပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက် သိပ်ကြည်ဦးမှာမဟုတ်ဘူး။ မိစ္ဆာတစ်ကောင်ဖြစ်တဲ့သူသာ ရင်းဆုယဲ့နောက်လိုက်သွားရင် အန္တရာယ်ရှိလာနိုင်တယ် မဟုတ်ဘူးလား..?

ရင်းဆုယဲ့က သူ့အတွက် ကံကြမ္မာကူးပြောင်းခြင်း လုပ်ပေးပြီးပြီဆိုပေမယ့် သူ့ပုံစံက ကလေးပုံပြန်ဖြစ်သွားပြန်ပြီ။ နှစ်တွေလည်း ကြာညောင်းခဲ့ပြီဆိုတော့ ကံကြမ္မာကူးပြောင်းခြင်းအကြောင်း မှတ်မိသေးတဲ့လူ ကျန်သေးရဲ့လား..? သူလည်း သေချာမသိတော့ဘူး။ ဘယ်သူမှမသိရင် အဲ့အကြောင်းတွေကို သောက်ကျိုးနည်း ထပ်ရှင်းပြရဦးမယ်..! တွေးကြည့်ရုံနဲ့တင် စိတ်ပျက်စရာကောင်းနေပြီ..!

“မဟုတ်ဘူး.. ကိုယ်တို့ အိမ်မပြန်ခင် မိစ္ဆာနယ်မြေ အရင်သွားရဦးမယ်..”

ရင်းဆုယဲ့က ကလေးငယ်ကို အသာအယာ ခေါင်းပွတ်ပေးရင်း ဘယ်အရာကိုမှ စိတ်ပူစရာမလိုကြောင်း၊ အရာအားလုံး ပြင်ဆင်ပြီးသားဖြစ်ကြောင်း ရှင်းပြလာခဲ့တယ်။

“မိစ္ဆာနယ်မြေကို သွားမလို့..?”

ရွှယ်ယို့ရှန်းက မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သလို ပဲ့တင်ထပ်လိုက်တယ်။ သူက မိစ္ဆာမျိုးနွယ်ဆိုပေမယ့်လည်း မိစ္ဆာနယ်မြေမှာ အသိမရှိဘူးလေ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now