177 Extra

3.6K 631 3
                                    

Unicode

“ပုံမှန်အားဖြင့် ကိုယ့်ရဲ့ရှောင်ယို့လေးက ဘုရင်အဆင့်ထက်တောင် စွမ်းအားကြီးပါတယ်..!”

ကောင်လေးက ကိုယ့်ကိုယ်ကို ဘာလို့သံသယဝင်နေမှန်း ရင်းဆုယဲ့လည်း နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့အမြင်ကို ပြောပြလိုက်တယ်။ ဘာပဲပြောပြော သူ့မိသားစုဝင် ကောင်ငယ်လေးက ရင်းဆုယဲ့ရဲ့အမြင်မှာ အတော်ဆုံးလူသား ဖြစ်နေခဲ့တယ်။

“နားထောင်လို့တော့ကောင်းသား..!”

လူတိုင်း ချီးမွမ်းခံရတာ ကြိုက်တယ်လေ၊ ရွှယ်ယို့ရှန်းလည်း ချွင်းချက်မဟုတ်ခဲ့ဘူး။ အထူးသဖြင့် သူ့ကိုချီးမွမ်းနေတဲ့လူက သူ့ရဲ့မိသားစုဝင်တဖြစ်လည်း ဗီလိန်ကြီးရင်းဆုယဲ့ ဖြစ်နေလေတော့ ရွှယ်ယို့ရှန်းမှာ ကျေနပ်အားရ ပီတိတွေ ဝေဖြာနေတော့တယ်။

“ဒါပေမဲ့ ကျွန်တော့်ရဲ့လက်ရှိစွမ်းအားက သိပ်မကောင်းတာ အမှန်ပဲလေ..!”

ရွှယ်ယို့ရှန်းတစ်ယောက် တစ်ခဏလောက် ဂုဏ်ဆာပစ်လိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကိုလည်း မမေ့ပါဘူး။

သူ့ရဲ့ချို့ယွင်းချက်က ပြိုင်ဘက်ရှိလာရင် ပေါ်လာမှာပဲလေ။ မိစ္ဆာဘုရင်လို ရာထူးမျိုးကို ယှဉ်ပြိုင်ရယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး..!

“မင်းက မှော်နဲ့ဓားနယ်မြေရဲ့ပိုင်ရှင် ဖန်ဆင်းရှင်နတ်ဘုရားပဲလေ..”

ရင်းဆုယဲ့က ကောင်လေးရဲ့ ရောက်တတ်ရာရာ အတွေးတွေကို လမ်းကြောင်းတည့်ပေးလိုက်တယ်။

သူ့အမြင်မှာတော့ ကောင်လေးက စွမ်းအားသိပ်မမြင့်ပေမယ့်လည်း ဖန်ဆင်းရှင်နတ်ဘုရားအနေနဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း သတ်ပစ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီကုန်းမြေတစ်ခုလုံးက ကောင်လေးအပိုင်၊ အဲ့တာကြောင့် မိစ္ဆာနယ်မြေဆိုတာလည်း ကောင်လေးအပိုင်ပဲ။ အဲ့အစား ဟွမ်ထျန်က သူ့ရဲ့ကောင်ငယ်လေးကို မိစ္ဆာဘုရင်လို ရာထူးသေးသေးလေး လက်ခံခိုင်းနေတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ..!

“………”

ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ပြောတာ မှန်တယ်လို့ ခံစားလိုက်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now