178 Extra

3.5K 681 8
                                    

Unicode

“မပြောချင်ဘူးလား..?”

အတော်ကြာအောင် အသံတိတ်သွားတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့က မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့အကြည့်က စူးရှလာသလို အသံကလည်း ပိုမိုလေးနက်လာခဲ့တယ်။

“မဟုတ်ပါဘူး..!”

ရင်းဆုယဲ့ရဲ့ မူမမှန်တဲ့ ပြောင်းလဲမှုကိုကြည့်ရင်း ရွှယ်ယို့ရှန်းမှာ အန္တရာယ်များလာသလို ခံစားလိုက်ရတယ်။ ထို့ကြောင့် ချက်ချင်း ငြင်းဆန်လိုက်တယ်။ သူ့ရဲ့လျှို့ဝှက်ချက်ကို ထပ်ပြီးဖုံးကွယ်ထားလို့မရတော့မှန်း သိနေပေမယ့် တတ်နိုင်သမျှ အချိန်ဆွဲထားချင်သေးတယ်။

ဒီလိုကိစ္စကြီးကို ဖုံးကွယ်ထားဖို့ သူ့ကို ဘယ်သူပြောခဲ့လို့လဲ..? အမှန်အတိုင်း ပြောပြလိုက်ရင် ရင်းဆုယဲ့ ဘယ်လိုတုံ့ပြန်လာမလဲ၊ သူတောင် မခန့်မှန်းတတ်တော့ဘူး..!

သို့နှင့် ရွှယ်ယို့ရှန်းခမျာ ကြောက်ကြောက်လန့်လန့်နဲ့ တုံ့ဆိုင်းနေတော့တယ်။

အဆိုတစ်ခုကို မှတ်မိနေပါသေးတယ် - ‘ဝန်ခံလိုက်ရင် ထောင်နန်းစံရမယ်၊ ငြင်းဆန်ခဲ့ရင်တော့ နှစ်သစ်ကူးအမီ အိမ်ပြန်နိုင်လိမ့်မယ်..’ တဲ့။ ရင်းဆုယဲ့ကို အကုန်လုံး ဝန်ခံပြီးခါမှ သူစိုးရိမ်နေတဲ့ရလဒ်မျိုး ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ..?

“ပြောလို့မရတာလား..?”

ဒီတစ်ခေါက်တော့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အလွယ်တကူ မလွှတ်ပေးတော့ဘူး။ ဆက်ပြီး ဖိအားပေးလာခဲ့တယ်။ ကောင်လေးရဲ့ အပြစ်ရှိသူလို စိတ်လှုပ်ရှားနေတဲ့ အမူအရာလေးကိုကြည့်ရင်း ရင်းဆုယဲ့မှာ စိတ်ပျော့လာခဲ့ပေမယ့် သူ့အပေါ် ကိစ္စကြီးတစ်ခုခု ဖုံးကွယ်ထားတာကို တွေးလိုက်မိတော့ နူးညံ့ပျော့ပျောင်းလာတဲ့ စိတ်ခံစားချက်ကို ပြန်လည်ဖိနှိပ်ထားလိုက်ရတယ်။

ကောင်လေးက သူ့အပိုင်၊ အဲ့တာကြောင့် ကောင်လေးနဲ့ပက်သက်သမျှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိထားမှဖြစ်မယ်။ သူမသိအောင် ဖုံးကွယ်ထားတာမျိုးကို လုံးဝခွင့်မပြုနိုင်ဘူး..! ကောင်လေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းနိုင်ဖို့အတွက် ဒီအခွင့်အရေးကိုမှ အသုံးမချနိုင်ရင် နောက်ထပ် ဘယ်လောက်အထိ စောင့်ဆိုင်းရဦးမယ်မသိဘူး..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now