180 Extra

3.8K 651 6
                                    

Unicode

“ခင်ဗျား ကျွန်တော့်ကို အပြစ်တင်မှာကြောက်လို့..!”

ရွှ​ယ်ယို့ရှန်းက နောက်ဆုံးတော့ နှလုံးသားထဲက အကြောက်တရားတွေကို ထုတ်ဖော်လာခဲ့တယ်။

“အဲ့တာကြောင့် ရှောင်ပြေးနေတာလား..?”

ရင်ဖွင့်လာတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့ရဲ့ ခံစားချက်ကင်းမဲ့တဲ့ မျက်ဝန်းတွေထဲမှာ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားတယ်။ နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအသွင် နှစ်လိုဖွယ်ကောင်းစွာ ကွေးတက်သွားခဲ့တယ်။ 

ဒါဆို ကောင်လေး ဝန်မခံရဲခဲ့တာက သူစိတ်ဆိုးမှာ ကြောက်လို့ပေါ့..?! ကောင်လေးရဲ့ နှလုံးသားထဲမှာ သူ့ရဲ့ဖြစ်တည်မှုက ထင်ထားတာထက် အရေးကြီးတယ်ဆိုတဲ့သဘောပဲ..!

ထိုအချက်က ရင်းဆုယဲ့ကို အလွန့်အလွန် စိတ်ကျေနပ်သွားစေခဲ့တယ်။

“ဟုတ်တယ်..”

လျှို့ဝှက်ချက်မှန်သမျှ ထုတ်ပြောပြီးတာကြောင့် ရွှယ်ယို့ရှန်းလည်း ဖိအားများမနေတော့ဘဲ ပြန်ဖြေလိုက်တယ်။

“ကိုယ်မင်းကို အပြစ်မတင်ပါဘူး..!”

သူ့ရဲ့အဖြေကို မျှော်လင့်စောင့်ဆိုင်းရင်း စိုးရိမ်ထိတ်လန့်နေတဲ့ ကောင်လေးကိုကြည့်ရင်း ရင်းဆုယဲ့က အရင်ဆုံး ဖြေပေးလိုက်တယ်။ ဒီလိုမျိုးကိစ္စတွေ ဖုံးကွယ်ထားတဲ့အတွက် ကောင်လေးကို နောက်တစ်ခါ မလုပ်ရဲအောင် အပြစ်ပေးချင်ပါတယ်။ ဒါပေမဲ့ စိုးတထိတ်ထိတ်ဖြစ်နေတဲ့ ကောင်လေးရဲ့ပုံစံကိုလည်း မကြည့်ရက်ဘူး။ ထို့ကြောင့် အရင်ဆုံး အလျော့ပေးလိုက်မိတယ်။

သူတို့နှစ်ယောက်မှာ အချိန်တွေအများကြီး ကျန်သေးတယ်လေ။ နောက်မှ အခွင့်အရေးကြုံတိုင်း စာရင်းဆက်ရှင်းလို့ရတယ်။ ဒါပေမဲ့ အခု ပိုပြီးအရေးကြီးတာက တွေးကြောက်နေတဲ့ ဒီကောင်လေးကို အရင်ဆုံး နှစ်သိမ့်ပေးရမယ်။

“တကယ်တော့လေ.. ကျွန်တော်…….” ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်တင်တယ်..!

ရွှယ်ယို့ရှန်းမှာ ကျန်စကားတစ်ဝက်ကို ဘယ်လိုဆက်ပြောရမှန်း မသိတော့ဘူး။ ‘မှော်နဲ့ဓားနယ်မြေ’ ဆိုတာ သူဖန်တီးခဲ့တဲ့ ဝတ္ထုထဲကဖြစ်ကြောင်း၊ ရင်းဆုယဲ့ဟာလည်း သက်ရှိလူသားတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရတုန်းက သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now