181 Extra

3.4K 610 10
                                    

Unicode

သူ့ရဲ့အမြင်ကို ထုတ်ပြောပြီးနောက် ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို မမှိတ်မသုန် ငုံ့မိုးကြည့်လိုက်တယ်။ အစောပိုင်း ကွယ်ဝှက်ထားတဲ့ မျက်ဝန်းထဲက အချစ်ရိပ်တွေဟာလည်း ဖုံးကွယ်လို့မရအောင် တရိပ်ရိပ် ပေါ်ထွက်လာခဲ့တယ်။

ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့နဲ့ အကြည့်ချင်းမဆုံရသေးတာတောင် အချစ်ရိပ်တွေကို ခံစားမိနေခဲ့ပြီ။ ဒါပေမဲ့ ရင်းဆုယဲ့ကို မော့ကြည့်ရမယ့်အစား အသာအယာ မျက်နှာလွှဲလိုက်မိတယ်။ ပြီးနောက် နှုတ်ခမ်းကိုကိုက်ကာ အသံတိတ်နေခဲ့တယ်။ ရင်းဆုယဲ့က သူ့ကို နှစ်သိမ့်ပေးချင်နေမှန်း သူသိပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲက အစိုင်အခဲကို မကျော်ဖြတ်နိုင်သေးဘူး။ အထူးသဖြင့် သူ့ကို အပြစ်မမြင်တဲ့၊ သူ့အပေါ် အမြဲတမ်းကောင်းပေးနေတဲ့ ရင်းဆုယဲ့ကိုကြည့်ပြီး ‘ကိုယ့်ကိုယ်ကို အပြစ်တင်နေသောစိတ်’က နည်းနည်းလေးတောင် မလျော့သွားဘဲ ပိုတိုးလာခဲ့တယ်။ ရင်းဆုယဲ့အပေါ် ပိုပြီးအားနာလာမိတယ်။

ကမ္ဘာပေါ်မှာ ရွှယ်ယို့ရှန်းအကြောင်း အသိဆုံးလူတစ်ယောက် ရှိနေမယ်ဆိုရင် ထိုသူက ကျိန်းသေပေါက် ရင်းဆုယဲ့ပါပဲ။ ကောင်လေးရဲ့ အသံတိတ် ရှောင်လွှဲသွားပုံကိုကြည့်ရင်း အစောပိုင်းနှစ်သိမ့်စကားတွေက ကောင်လေးရဲ့ နှလုံးသားထဲက စိတ်ဒဏ်ရာကို မဖယ်ရှားနိုင်တဲ့အပြင် သူနဲ့ မျက်နှာချင်းမဆိုင်ရဲတဲ့အထိ ပိုဆိုးအောင် လုပ်လိုက်မိမှန်း နားလည်သွားခဲ့တယ်။

မကောင်းတော့ဘူး..!

ရင်းဆုယဲ့ရဲ့မျက်ဝန်းတွေက မည်းမှောင်သွားတယ်။ သူ့ရဲ့စကားတွေက အနည်းငယ် လေးနက်သွားတာကြောင့် ကောင်လေး နားမလည်တာ ဖြစ်နိုင်တယ်။ ထို့ကြောင့် ရင်းဆုယဲ့လည်း ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရန် ဆုံးဖြတ်လိုက်ပြီး မျက်နှာအမူအရာ ပြောင်းလိုက်တယ်။

“ရွှယ်ယို့ရှန်း.. ကိုယ့်ကိုကြည့်.. ထပ်မရှောင်နဲ့တော့..!”

ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ဆွဲလှည့်လိုက်ကာ သူနဲ့မျက်နှာချင်းဆိုင်စေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now