182 Extra

3.2K 576 12
                                    

Unicode

မြို့တော်ရဲ့ လူနေမှုပုံစံနဲ့ တစ်စက်လေးတောင်မတူတဲ့ အဆောက်အအုံတွေကိုကြည့်ရင်း ရွှယ်ယို့ရှန်းမှာ ရင်းဆုယဲ့ကို လှည့်မမေးဘဲ မနေနိုင်ခဲ့ဘူး။

"ဒါက မိစ္ဆာတွေရဲ့မြို့တော်လား..?"

အစကတော့ မိစ္ဆာမြို့တော်ကို ဒီလောက်မြန်မြန် သွားဖို့ အစီအစဉ်မရှိခဲ့ဘူး။ နှစ်ယောက်သား လမ်းတစ်လျှောက် ကြည်နူးရင်း ဖြည်းဖြည်းချင်းသွားဖို့ စဉ်းစားထားခဲ့တာ။ ဒါပေမဲ့ စိတ်ကူးနဲ့လက်တွေ့က ထပ်တူမကျခဲ့ပါဘူး။

မိစ္ဆာတိုင်းပြည်သွားမလို့ စီစဉ်ပြီးခါမှ ရင်းဆုယဲ့က သူဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ..? သူ့စကားရဲ့ဟာကွက်ကို ထောက်ပြလာပြီး လျှော်ကြေးတောင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို 'ဟိုဒင်းဟိုဟာ'ဖို့ ခွင့်ပြုလိုက်သလိုပဲ။ ရင်းဆုယဲ့ဒဏ်ကို အလူးအလိမ့် ခံစားလိုက်ရပြီး နောက်တစ်ရက်မှာတော့ ရွှယ်ယို့ရှန်းအတွက် ပြောစရာစကားတစ်ခွန်းပဲ ရှိတော့တယ်။

'အတိတ်ကို ပြန်လှည့်မကြည့်ခဲ့သင့်ဘူး..!'

ဖြစ်စဉ်တစ်ခုလုံးက မျက်ရည်ဗလပွနဲ့ပဲဟေ့..!

အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင် ရင်းဆုယဲ့ကလေ သူ့ကို ဘာမပြောညာမပြောနဲ့ ပခုံးပေါ်ထမ်းပြီး အနီးဆုံးတည်းခိုဆောင်ကို ခေါ်သွားတယ်။ ပြီးတော့ အချိန်ခဏလေးတောင် မဖြုန်းဘဲ အခန်းယူလိုက်တယ်။ အခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်မှာ သုံးရက်သုံးညလုံးလုံး အနိုင်ကျင့်တော့တာပဲ..! ဟုတ်တယ်၊ မင်းတို့ဖတ်လိုက်တာ မှန်တယ်။ တစ်ညလည်း မဟုတ်။ တစ်ရက်နဲ့ တစ်ညလည်း မဟုတ်။ သုံးရက်သုံးညတောင်ဟ..! သုံးရက်လုံးလုံး ရင်းဆုယဲ့က တကယ့်ကို မပြီးနိုင်မစီးနိုင်အောင် တမျိုးပြီးတစ်မျိုး လုပ်နေတော့တာ..!

တစ်ခွန်းတည်းပြောရရင် ရူးလောက်တယ်..!

ရွှယ်ယို့ရှန်း ရဲ့ခန္ဓာကိုယ်က အရမ်းငယ်ရွယ်လွန်းနေပြီး 'ရှစ်လုံးမြောက် အင်္ဂလိပ်စာလုံး'လို လုပ်ရပ်မျိုး လုပ်လို့မရသေးလို့သာပေါ့။ မဟုတ်ရင် ရင်းဆုယဲ့ စားလွန်းလို့ အဲ့နေရာမှာတင် သေသွားလောက်တယ်..! အဲ့လိုဖြစ်မှာ လုံးဝသေချာတယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now