183 extra

3K 554 2
                                    

Unicode

“ဝင်ခွင့်လက်မှတ်ရှိလား..?”

မိစ္ဆာစစ်သည်က သူ့အလုပ်သူလုပ်နေတာကြောင့် ရွှယ်ယို့ရှန်းလည်း အပြစ်တင်လို့မရတော့ဘူး။ ပြီးတော့ သူက လက်ရှိမိစ္ဆာဘုရင် ဖြစ်နေတာကြောင့် စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မိစ္ဆာမျိုးနွယ်ဘက်က ရပ်တည်ပေးဖို့ လိုအပ်တယ်။ သူ့ကိုယ်သူ စိတ်ပြင်ဆင်ပြီးနောက် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ကလူကျီစယ်နေသလို လှည့်ကြည့်လိုက်တယ်။

သူတစ်ပါးရဲ့ကံဆိုးမှုကို ရပ်ကြည့်နေတာ မကောင်းဘူးဆိုပေမယ့် ‘ဝင်ခွင့်လက်မှတ်’ ပါမလာဖို့ သူမျှော်လင့်နေခဲ့တယ်ဆိုတာ ရင်းဆုယဲ့ကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။ ‘ဝင်ခွင့်လက်မှတ်’ ပါမလာတော့မှ ရင်းဆုယဲ့ ဖြေရှင်းရခက်နေတဲ့ ပုံစံလေးကို သူမြင်ရမှာလေ။ အဲ့အချိန်ရောက်မှ သူက သူရဲကောင်းကြီးလို ရင်းဆုယဲ့ကို ကယ်တင်လိုက်မယ်ဆိုရင်… မိုက်တယ်မလား..?!

“မပါဘူး..”

ရင်းဆုယဲ့က သည်းခံအလိုလိုက်တဲ့ လေသံမျိုးနဲ့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။

ကောင်လေးရဲ့ နှစ်ထောင်းအားရဖြစ်နတဲ့ မျက်ဝန်းတွေက သိသာလွန်းလို့ သူ့မှာ လျစ်လျူမရှုရက်တော့ဘူး။ ကောင်လေးက ကစားချင်နေမှတော့ သူလည်း ပူးပေါင်းပေးရမှာပေါ့။ ဘာပဲပြောပြော သူ့အတွက် လက်ရှိအလုပ်က ကောင်လေးနဲ့ အတူတူနေဖို့၊ ပြီးတော့ ကောင်လေးပျော်ရွှင်အောင် တစ်သက်လုံး အလိုလိုက်ထားဖို့ပဲလေ..!

“ကျွန်တော့်အကူအညီလိုလား..?”

ရှောင်ယဲ့ယဲ့ဆီက သူမျှော်လင့်ထားသလို ‘ဝင်ခွင့်လက်မှတ်’ မရှိ’ ဆိုတဲ့စကားကို ကြားလိုက်ရတော့ ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက ရုတ်ချည်း တောက်ပသွားတယ်။ မျက်နှာအမူအရာက ‘ကျွန်တော့်ကို လာတောင်းဆိုလိုက်စမ်းပါ’ လို့ မျက်နှာပေါ်မှာ ရေးထားသယောင်။

ဒီတစ်ခေါက်တော့ ရှောင်ယဲ့ယဲ့ မတောင်းဆိုသရွေ့ သူ့ဘက်ကလည်း အလွယ်တကူ ကူညီပေးမှာမဟုတ်ဘူး..!

အမ်း.. သူက တကယ့်ကို စိတ်မာတာပဲ..!

“ရှောင်ယို့က ကိုယ့်ကို ဘယ်လိုကူညီပေးမှာလဲ..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now