184 Extra

3K 581 23
                                    

Unicode

“မြို့ထဲမဝင်ရင်လည်း လစ်လိုက်တော့.. တခြားလူတွေကို လမ်းမပိတ်ထားနဲ့..!”

မြို့ထဲမဝင်ဘဲ လမ်းမလယ်ခေါင်မှာ ဘယ်သူ့မှဂရုမစိုက်သလို ခေါင်းချင်းဆိုင် စကားပြောနေတဲ့ လူနှစ်‌ယောက်ကိုကြည့်ပြီး ဂိတ်စောင့်စစ်သည်က အတော်လေး မကျေမနပ်ဖြစ်လာတယ်။

သူက မြို့တော်ဂိတ်တံခါးဝကို တာဝန်ယူထားရတဲ့ စစ်သည်တော်ပဲ။ အဲ့တာကြောင့် သူ့ရဲ့တာဝန်ကို ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုနိုင်ဘူး။ အထူးသဖြင့် လူသားမျိုးနွယ်တစ်ယောက် ဒီရောက်နေတာကြောင့် စည်းကမ်းတင်းကျပ်ရလိမ့်မယ်။ လူသားရဲ့ဘေးနားက မိစ္ဆာလေးအပေါ်မှာတော့ အမြင်ကောင်းရှိပါတယ်။ ဒါပေမဲ့ အဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့တာဝန်ကို နှောင့်နှေးစေလို့မဖြစ်ဘူးလေ။ သူက တာဝန်ကျေတဲ့ စစ်သည်တော်တစ်ယောက်ပဲ..!

ထို့ကြောင့် လမ်းပိတ်ရပ်နေတဲ့ ထိုနှစ်ယောက်ကိုကြည့်ပြီး မိစ္ဆာစစ်သည်က ရှေ့ထွက်အစွမ်းပြသင့်ပြီလို့ တွေးလိုက်တယ်။ မိစ္ဆာမျိုးနွယ်ရဲ့ စည်းမျဉ်းဥပဒေကို လိုက်နာတဲ့၊ အရည်အချင်းပြည့်ဝတဲ့ စစ်သည်တော်တစ်ယောက်အနေဖြင့် သူတစ်ပါးကို ရိုင်းရိုင်းစိုင်းစိုင်း မနှင်ထုတ်သင့်ဘူး။ ဒါပေမဲ့ သင့်တင့်သလောက်တော့ သတိပေးမှဖြစ်မယ်။

“…………”

ရွှယ်ယို့ရှန်းခမျာ 'ဒီနေ့အပြင်ထွက်မလာခင် ပြက္ခဒိန်ကြည့်ဖို့ မေ့လာခဲ့ပြီ'ဆိုပြီး အတွေးဝင်လာမိတယ်။

မဟုတ်ရင် ဒီနေ့ကြုံတွေ့သမျှတွေက ဘယ်လိုဖြစ်လို့ သောက်တလွဲတွေဖြစ်နေရတာလဲ..? အခု သူရပ်နေတဲ့နေရာက သူ့အပိုင်မြို့ရဲ့ ဂိတ်တံခါးဝမှာ။ အဲ့နေရာမှာပဲ မကြာခင် သူ့လက်အောင်ငယ်သားဖြစ်လာမယ့်စစ်သည်က သူ့ကို နှင်ထုတ်နေသတဲ့။ မိစ္ဆာဘုရင်အသစ်အနေနဲ့ သူ့မျက်နှာကို ဘယ်နားသွားထားရတော့မလဲ..? အနှိမ်ခံလိုက်ရတဲ့ ခံစားချက်ကြီးကြောင့် နှလုံးကွဲကြေလုမတတ်ပဲ..!

“အခု ဘာလုပ်ကြမလဲ..?”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို လှည့်ကြည့်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now