185 Extra

2.9K 581 9
                                    

Unicode

“ကျွန်တော်က မိစ္ဆာဘုရင်ပဲ..!”

သူ့ရဲ့အဆင့်အတန်းကို ထုတ်ဖော်ကြေညာလိုက်တဲ့အချိန် ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက ကျိန်းစပ်ဖွယ် ရွှေရောင်အလင်းတွေနဲ့ တောက်ပနေပြီး အရှိန်အဝါကလည်း ရုတ်ချည်း ပြင်းထန်လာခဲ့တယ်။ ထိုအခိုက်အတန့် သူက အကြွင်းမဲ့ဘုရင်တစ်ပါးပဲ။

လက်ရှိရွှယ်ယို့ရှန်းက ခန္ဓာကိုယ်အသစ်နဲ့ အသားမကျသေးတာကြောင့် ဘုရင်အဆင့်စွမ်းအားကို ထုတ်မသုံးနိုင်သေးဘူး။ ဒါပေမဲ့ သူ့မှာ စွမ်းအားကြီးပြီး အားနည်းချက်မှန်သမျှ လျစ်လျူရှုနိုင်တဲ့ identity တစ်ခုလည်း ရှိနေပြန်တယ်။ အဲတာကတော့ ဒီကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင် ဖြစ်နေခြင်းပါပဲ။ တစ်နည်းပြောရရင် ရွှယ်ယို့ရှန်းသာ ဆန္ဒရှိသရွေ့ ဒီကမ္ဘာကြီးက သူ့ရဲ့အလိုအတိုင်း ပြောင်းလဲလာလိမ့်မယ်။ ဒါက ရွှယ်ယို့ရှန်းအတွက် အကြီးမားဆုံးသော တုနှိုင်းမဲ့ Golden Finger ကြီး ဖြစ်လာခဲ့တယ်။

အစောပိုင်းက ရင်းဆုယဲ့ပြောလိုက်တဲ့ စကားကြောင့် ရွှယ်ယို့ရှန်းရဲ့ဦးနှောက်က အချိန်နဲ့တပြေးညီ အလုပ်မလုပ်နိုင်တော့ဘဲ ရင်းဆုယဲ့ကို နှာတစ်ဖျားသာသွားစေခဲ့တယ်။ တစ်ခါတရံ IQ ကွာခြားချက်က အတော်လေး အရေးပါလှတယ်။ ဒါပေမဲ့ အခုတော့ ထိုအချက်ကို နားမလည်သေးတာတောင် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လာတာကြောင့် ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက သူ့စိတ်ရဲ့အလိုကျ အရောင်ပြောင်းသွားခြင်း ဖြစ်တယ်။

“မိ…. မိစ္ဆာဘုရင်… မိစ္ဆာဘုရင်မင်းမြတ်လားဟင်..?”

ရွှယ်ယို့ရှန်းကို ဆိုဆုံးမနေခဲ့တဲ့ မိစ္ဆာစစ်သည်လေးခမျာ အံ့ဩထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသား၊ မျက်လုံးနှစ်လုံးက ပေါက်ထွက်လုမတတ် ပြူးကျယ်နေတော့တယ်။ သူ့လက်ထဲကိုင်ထားတဲ့ လက်နက်လည်း မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ပြီး ‘ဘမ်းခနဲ’ မြည်ဟည်းသွားတာတောင် ထိုစစ်သည်လေးခမျာ အသိပြန်မကပ်နိုင်ခဲ့ဘူး။ ပုံမှန်အတိုင်းသာဆိုလျှင် သူ့ပုံစံကြောင့် အနားမှာရှိတဲ့လူတိုင်း အော်ရယ်မိလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းထဲက ဖြာထွက်လာတဲ့ ရွှေရောင်အလင်းတန်းတွေကိုကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်နေတော့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now