186 Extra

3.2K 574 9
                                    

Unicode

“ဒီလက်အောက်ငယ်သား အရှင့်ကိုကြိုဆိုဖို့ နောက်ကျသွားပါတယ်.. ကျွန်တော်မျိုးမရဲ့အပြစ်ကို ခွင့်လွှတ်ပေးတော်မူပါ..!”

ရန်ယူရာက အဆင့်မြင့်မိစ္ဆာတွေနဲ့အတူ ရောက်လာပြီး ရွှယ်ယို့ရှန်းအရှေ့ မတ်တပ်ရပ်ကာ တရိုတသေ ဂါဝရပြုလာတယ်။

မြို့တော်ရဲ့ ဂိတ်စောင့်စစ်သည်ဆီက လူသားဘုရင်ရောက်လာကြောင်း သတင်းကို လက်ခံလိုက်ရတာနဲ့ ရန်ယူရာက ထိုလူသားဘုရင်နဲ့အတူ ဟွမ်ထျန်အရှင်မင်းမြတ် ရွေးချယ်ထားတဲ့ မိစ္ဆာဘုရင်အသစ်လည်း ရောက်လာပြီဆိုတာ ချက်ချင်း သဘောပေါက်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဟွမ်ထျန်အရှင်မင်းမြတ် ရွေးချယ်သွားတဲ့ ဒုတိယမျိုးဆက် မိစ္ဆာဘုရင်က လူသားဘုရင်နဲ့ ချစ်ကျွမ်းဝင်နေသောကြောင့်ပဲ။ လူသားဘုရင်တစ်ဦးတည်း မိစ္ဆာနယ်မြေမှာ ရုတ်တရက် ပေါ်ထွက်လာစရာ အကြောင်းအရင်းမရှိဘူးလေ။ ထို့ကြောင့် မိစ္ဆာဘုရင်အသစ်နဲ့အတူ ရောက်လာခြင်းမှန်း ခန့်မှန်းနိုင်ခဲ့တယ်။ သူမရဲ့ခန့်မှန်းချက် မှန်မမှန်သိရစေဖို့ ရန်ယူရာလည်း အဆင့်မြင့်မိစ္ဆာမျိုးနွယ်တွေကို ခေါ်ဆောင်ပြီး မြို့တော်ဂိတ်တံခါးကို အမြန်ဆုံးပြေးလာခဲ့လိုက်တယ်။

ရန်ယူရာတွေးလိုက်တာက တကယ်လို့ ခန့်မှန်းချက်မှားသွားရင်တောင် သူမရဲ့အဆင့်အတန်းအရ အဆင့်မြင့်ဝန်ကြီးတွေကို စုဝေးပိုင်ခွင့်ရှိတယ်။ အဲတာကြောင့် ပြဿနာမရှိဘူး။ ဒါပေမဲ့ သူမ,အထင်မှန်နေခဲ့ရင် ဘာမှမပြင်ဆင်ဘဲ ရောက်သွားတာက မိစ္ဆာဘုရင်အသစ်ကို လျစ်လျူရှုသလို ဖြစ်သွားလိမ့်မယ်။ ဒါက ပြစ်မှုကျူးလွန်ခြင်းပဲ။ ရန်ယူရာရဲ့ စဉ်းစားဆင်ခြင်မှုက အလုံးစုံ မှန်ကန်နေခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တခြားလူတွေမသိတဲ့ လျှို့ဝှက်ချက်တော်တော်များများကို ရန်ယူရာ သိထားမှန်း သိသာနေတော့တယ်။ မိစ္ဆာဘုရင်အသစ်က လူသားဘုရင်နဲ့ အတူတူရောက်လာတာတောင် မအံ့ဩခဲ့ဘူး။

တကယ်တော့ ဟွမ်ထျန်အပေါ် အကြွင်းမဲ့သစ္စာရှိတဲ့ လက်အောက်ငယ်သားအနေဖြင့် ရန်ယူရာက အရေးပါတဲ့ ဝန်ကြီးတစ်ယောက် ဖြစ်တဲ့အပြင် ဟွမ်ထျန်ရဲ့ လူယုံတစ်ယောက်လည်း ဖြစ်နေပြန်တယ်။ ဟွမ်ထျန်က ရန်ယူရာအပေါ် ကိစ္စတော်တော်များများ ဖုံးကွယ်မထားသလို တချို့ကိစ္စတွေဆိုရင် ရန်ယူရာကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပေးရတယ်။ ထို့ကြောင့် ရွှယ်ယို့ရှန်းအကြောင်းကို ကောင်းကောင်း သိထားလေတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now