187 Extra

2.9K 554 7
                                    

Unicode

“အရှင်မင်းကြီး.. ကျွန်တော်မျိုးမက ရန်ယူရာပါ.. အရှင်နဲ့ ဟွမ်ထျန်ဘုရင်တို့ မရှိတဲ့အချိန် အရှင်တို့ကိုယ်စား မိစ္ဆာနယ်မြေရဲ့ ကိစ္စအဝဝကို ယာယီတာဝန်ယူပေးထားပါတယ်..”

ရန်ယူရာက ရွှယ်ယို့ရှန်းနဲ့ ရင်းဆုယဲ့ကို ဘုရင့်နန်းဆောင်ဆီ ခေါ်ဆောင်သွားရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။

“မင်းဘယ်သူလဲဆိုတာ ကျွန်တော် သိထားပြီးသားပါ..”

သူ့စကားကြောင့် ရန်ယူရာ အံ့ဩသွားမှာကို ဂရုမစိုက်ဘဲ ရွှယ်ယို့ရှန်းက သူသိပြီးသားဖြစ်ကြောင်း မဆိုင်းမတွ ပြောပြလိုက်တယ်။

ဘယ်လိုပဲပြောပြော ရန်ယူရာဆိုတာ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဆိုတဲ့ သူ့ဝတ္ထုထဲက အမျိုးသမီးဇာတ်လိုက် မဟုတ်ပါလား။ နှစ်ခါတောင် ဝိဉာဉ်ကူးပြောင်းလာတာကို ထည့်မပြောနဲ့ဦး။ ဒီအပြိုင်လောကကို သူရောက်နေတာ အချိန်မနည်းတော့ဘူးလေ။ ဒီတစ်ခေါက်မှ ရန်ယူရာနဲ့ ပထမဦးဆုံးအကြိမ် တရားဝင်တွေ့ဖူးတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ရန်ယူရာ သူ့ကို မမြင်ဖူးပေမယ့်လည်း သူကတော့ ဝိဉာဉ်ပုံစံနဲ့ တွေ့ဖူးပြီးသား။ ဟွမ်ထျန်ရဲ့ခန္ဓာကိုယ်ထဲမှ သူ့ရဲ့ဝိဉာဉ် ပိတ်မိနေတဲ့ အချိန်တုန်းကပေါ့။ ဟွမ်ထျန်ကလည်း သူ့ကို ဘာမှမပိတ်ပင်ထားတော့ အပြင်လောကမှာ ဖြစ်ပျက်သမျှတွေကို အနည်းနဲ့အများဆိုသလို သိနေခဲ့ရတယ်။ အဲ့တော့ ဟွမ်ထျန်နဲ့ အဆက်အသွယ်အများဆုံးရှိတဲ့ အတော်ဆုံးလူယုံတော် ရန်ယူရာကိုလည်း တွေ့ဖူးနေခဲ့တာပေါ့။

“ဒီငယ်သားကို သိနေပေးတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်..!”

ရွှယ်ယို့ရှန်းကို မမြင်ဖူးပေမယ့် သူမရဲ့မှတ်ဉာဏ်ထဲမှာ ရွှယ်ယို့ရှန်းရဲ့နာမည်ကို အမှတ်ရနေတုန်းပဲ။ ဒါပေမဲ့ ဒီကိစ္စတွေပြောနေဖို့ အချိန်ကောင်းမဟုတ်ဘူး။ ဘုရင်အသစ်ကို မေးမြန်းလျှောက်ထားရမယ့်ကိစ္စတွေ အများကြီးရှိသေးတယ်။ ဘာမဟုတ်တာလေးနဲ့ အချိန်ကုန်လို့မဖြစ်ဘူး။

“အရှင်မင်းကြီး.. အခု မိစ္ဆာနယ်မြေကို တရားဝင်ပြန်ရောက်လာပြီဆိုတော့ တိုင်းပြည်အရေးကိစ္စတွေကို အရှင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပါတော့မလား..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now